ဗုံး​အတု​ကြောင့်​ ဩစ​တြေး​လျရှိ လူချမ်း​သာရပ်ကွက်တွင် ရုတ်ရုတ်သဲသဲဖြစ်

alt

ဩစ​တြေး​လျနိုင်ငံတွင် ဗုံး​​ထောင်ခဲ့​မှုသည် အတုအ​ယောင် လိမ်လည်မှုသာ ဖြစ်​ကြောင်း​ ရဲများ​က ​ပြောကြား​လိုက်သည်။

ဆယ်​ကျော်သက် မိန်း​က​လေး​ တစ်ဦး​၏ လည်ပင်း​တွင် တပ်ဆင်ခဲ့​​သော ဗုံး​မှာ ဗုံး​တု တစ်လုံး​သာ ဖြစ်​နေ​ကြောင်း​ သိရသည်။ အသက် ၁၈ နှစ်ရှိ မယ်ဒလင်နီ ပူလဗာသည် ဆစ်ဒနီရှိ သူမ၏ ​နေအိမ်တွင်ပင် ​နေထိုင်​နေစဥ် ကျူး​​ကျော် ၀င်​ရောက်လာသူ တစ်ဦး​က သူမအိမ်ထဲ ​ရောက်လာကာ လည်ပင်း​တွင် ဗုံး​တပ်ဆင်ထား​ခြင်း​ဖြစ်သည်။

​မော့​စမန်း​ရှိ လူချမ်း​သာ ရပ်ကွက်အနီး​ ဖြစ်ပွား​ခဲ့​သည့်​ ရုတ်ရုတ်သဲသဲ ကိစ္စ​ကြောင့်​ အနီး​တဝိုက်မှ အိမ်နီး​ချင်း​များ​ကို ရဲများ​က အ​ရေး​​ပေါ် ​ရွှေ့​​ပြောင်း​​ပေး​ခဲ့​ရသည်။ မိန်း​က​လေး​တွင် တပ်ဆင်ထား​​သော ဗုံး​ကို ၁၀ နာရီကြာ အချိန်ယူကာ ဖြုတ်​ပေး​ခဲ့​ရပြီး​​နောက် နယူး​​ဆောက်​ဝေး​ ရဲတပ်ဖွဲ့​က ယင်း​ဗုံး​သည် အတုသာဖြစ်​ကြောင်း​ ​ကြေညာခဲ့​သည်။

ဗုံး​အား​ အလွယ်တကူ မဖြုတ်နိုင်ရန် ခိုင်ခံ့​​သော သံကြိုး​ဖြင့်​ တပ်ဆင်ခဲ့​ခြင်း​ဖြစ်သည်။ ရဲတပ်ဖွဲ့​က အဆိုပါ လုပ်ရပ်သည် ပြင်း​ထန်ရက်စက်​သော ခြိမ်း​​ခြောက်မှုအဖြစ် ​ပြောကြား​ခဲ့​သည်။ ရဲတပ်ဖွဲ့​သည် ဗုံး​ကို ဖယ်ရှား​ရန်အတွက် ဗုံး​ရှင်း​ ကျွမ်း​ကျင်သူ နှစ်ဦး​အပြင် ​ကြောက်လန့်​​နေ​သော မိန်း​က​လေး​အား​ ​ဖြောင့်​ဖြရန် စည်း​ရုံး​​ရေး​ ဝန်ထမ်း​ နှစ်ဦး​ကိုပါ တာဝန်​ပေး​ခဲ့​ရသည်။ ယခုအခါ မယ်ဒလင်နီ၏ စိတ်ပိုင်း​ဆိုင်ရာ တည်ငြိမ်မှု ရရှိ​နေပြီဟု သိရသည်။

လူချမ်း​သာ မိသား​စုမှ ​ပေါက်ဖွား​လာသည့်​ အဆိုပါ မိန်း​က​လေး​အား​ ယခုလို ခြိမ်း​​ခြောက် နှိပ်စက်သွား​သူ၏ ရည်ရွယ်ချက်နှင့်​ ပတ်သက်ပြီး​ ရှင်း​ရှင်း​လင်း​လင်း​ မသိရ​သေး​သလို ရဲများ​က တရား​ခံကို လိုက်လံ စုံစမ်း​​နေဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here