iPad အတွက် Skype App ထုတ်လုပ်

alt

Appleကုမ္ပဏီထုတ် iPadကွန်ပျူတာအတွက် Appကို Skypeက ထုတ်လုပ်​ပေး​လိုက်ပြီဖြစ်သည်။

Apple၏ App Storeတွင် Skype Appကို ဝယ်ယူနိုင်ပြီဖြစ်ရာ Skype၏ ဝန်​ဆောင်မှုသုံး​ ဗီဒီယို Chattingကို ပြုလုပ်နိုင်​တော့​မည်ဟု သိရှိရသည်။ ဩဂုတ်လ ၂ ရက်​နေ့​က နယူး​ဇီလန် App Storeတွင် စတင်လွှင့်​တင်လိုက်​သော Skype Appသည် iPad 2အမျိုး​အစား​ Tablet ကွန်ပျူတာတွင် အသုံး​ပြုနိုင်မည်ဖြစ်သည်။

Skypeသည် ဇွန်လကတည်း​က iPadအတွက် Appတစ်ခု စီစဥ်​နေ​ ကြောင်း​ ​ကြေညာထား​ပြီး​ဖြစ်သည်။ iPad 2အသုံး​ပြုသူများ​ အ​နေနှင့်​ အဆိုပါ Appကို အသုံး​ပြုပြီး​ နည်း​လမ်း​ ၂ မျိုး​ဖြင့်​ ဗီဒီယို Chatting ပြုလုပ်နိုင်မည်ဟု ဆိုသည်။ ယင်း​အတွက် iOS 4.0 နှင့်​အထက် ရှိ​နေရန် လိုအပ်ပြီး​ Wi-Fi​ရော၊ 3Gကွန်ရက်ဖြင့်​ပါ ချိတ်ဆက်နိုင်မည်ဟု သိရသည်။

Apple၏ ကာလရှည်ကြာ ပြိုင်ဖက်ကြီး​ Microsoftသည် Skypeအား​ ​ မေလအတွင်း​က ​ဒေါ်လာ ၈.၅ ဘီလျံဖြင့်​ ဝယ်ယူထား​​သော်လည်း​ iOSသုံး​ Skype Appကို စီစဥ်ထား​သည့်​အတိုင်း​ လွှင့်​ တင်ခဲ့​သည်။

Skype App ထွက်​ပေါ်လာခြင်း​​ကြောင့်​ Apple၏ လက်ရှိ Face Timeအတွက် ကြီး​မား​​သော စိန်​ခေါ်မှုတစ်ခု ဖြစ်လာဖွယ် ရှိ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here