မီနီစကက်ဝတ် မိန်း​က​လေး​များ​အား​ အကြမ်း​ဖက်သည့်​ ​တောင်ကိုရီး​ယား​သား​ကို ရဲတပ်ဖွဲ့​ဖမ်း​ဆီး​

alt

မီနီစကက် ဝတ်ထား​​သော မိန်း​က​လေး​များ​ကို အကြမ်း​ဖက်ခဲ့​သည့်​ ​တောင်ကိုရီး​ယား​ အမျိုး​သား​ တစ်ဦး​အား​ ရဲများ​က ဖမ်း​ဆီး​လိုက်သည်။

အသက် ၃၉ နှစ် ရှိပြီး​ ကင်ဟုသာ အမည်​ဖော်ပြ​သော အမျိုး​သား​သည် လွန်ခဲ့​​သော ၆ လအတွင်း​ စကက်တိုတို ဝတ်ထား​သည့်​ အမျိုး​သမီး​များ​ကို ဆက်တိုက် တိုက်ခိုက်ခဲ့​ပြီး​ လိင်ပိုင်း​ဆိုင်ရာ အကြမ်း​ဖက်မှုများ​ ပြုလုပ်ခဲ့​​ ကြောင်း​ သိရသည်။ ၎င်း​သည် အသက် ၂၇ နှစ်အရွယ် အမျိုး​သမီး​ တစ်ဦး​ကို ​မြောက်ပိုင်း​ ​ချောင်ချီအွန်း​ရှိ တိုက်ခန်း​တွင် မုဒိမ်း​ကျင့်​ရန် ကြိုး​ပမ်း​ခဲ့​​ကြောင်း​ စွဲချက်တင်ခံထား​ရသည်။

ဇူလိုင်လ ၂၆ ရက်​နေ့​ ဖြစ်စဥ်တွင် အမျိုး​သမီး​သည် ဒဏ်ရာဒဏ်ချက်များ​နှင့်​ လွတ်​မြောက်လာခဲ့​သည်။ စုံ​ထောက်များ​က ဖြစ်စဥ်နှင့်​ ပတ်သက်၍ ​ခြေရာခံခဲ့​ပြီး​​နောက် ကင်အား​ ဖမ်း​ဆီး​နိုင်ခဲ့​ခြင်း​ဖြစ်သည်။ ​နောက်ပိုင်း​တွင် ကင်သည် ​ဖေ​ဖော်ဝါရီလကတည်း​က အလား​တူ ပြစ်မှုမျိုး​ ရ ကြိမ်ကို ကျူး​လွန်ခဲ့​​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

ကင်သည် မီနီစကက် ဝတ်ထား​သည့်​ မိန်း​က​လေး​များ​ကို ဦး​တည်ရန်ပြုခဲ့​ပြီး​ ယင်း​နှင့်​ ပတ်သက်​သော အ​ထောက်အထား​များ​ကို လုံခြံု​ရေး​ ကင်မရာ မှတ်တမ်း​များ​က ရိုက်ယူထား​ နိုင်ခဲ့​သည်။ “စကက်တိုတို ဝတ်ထား​တဲ့​ မိန်း​က​လေး​​တွေ ​တွေ့​တဲ့​အခါ ကျွန်​တော် ကိုယ့်​ကိုယ်ကိုယ် မထိန်း​နိုင်​တော့​ဘူး​”ဟု ကင်က ရဲများ​ထံ ဝန်ခံခဲ့​သည်။

ကင်က မိသား​စုများ​သည် မနက်​စော​စော အလုပ်ခွင် ၀င်သွား​ချိန်တွင် ၎င်း​တစ်ဦး​တည်း​ သာ အိမ်တွင် ကျန်ခဲ့​ရာမှ ပြစ်မှုများ​ ကျူး​လွန်​နေမိ​ကြောင်း​လည်း​ ထွက်ဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here