ဒုက္ခသည်များ​ ​လှေတစ်စင်း​​ပေါ်တွင် အစုလိုက်အပြံုလိုက် ​သေဆုံး​​နေ

alt

လစ်ဗျား​နိုင်ငံမှ ထွက်​ပြေး​လာသည့်​ ဒုက္ခသည်များ​ကို တင်​ဆောင်လာ​သော ​လှေတစ်စင်း​အတွင်း​ အစုလိုက် အပြံုလိုက် ​သေဆုံး​​ နေ​သော ရုပ်အ​လောင်း​များ​ကို အီတလီ ကမ်း​​ခြေ​စောင့်​ တပ်ဖွဲ့​က ရှာ​ဖွေ ​တွေ့​ရှိခဲ့​သည်။

၁၅ မီတာ အရှည်ရှိ​သော အဆိုပါ​လှေသည့်​ အီတလီ​တောင်ပိုင်း​ရှိ လမ်ပီဒူဆာကျွန်း​တွင် ဆိုက်ကပ်ခဲ့​ပြီး​ လူ ၂၅ ဦး​ ​သေဆုံး​​နေခဲ့​သည်။ AFP သတင်း​ဌာနက ​လှေ​ပေါ် လိုက်ပါလာသူများ​အနက် ၂၇၁ ဦး​ အသက်ရှင်ခဲ့​​ကြောင်း​ ​ဖော်ပြခဲ့​သည်။ အ​လောင်း​ ၂၅ ​ လောင်း​ကို ​လှေ၏ အင်ဂျင်ခန်း​အတွင်း​ ​တွေ့​ရှိခဲ့​ရပြီး​ ​အောက်စီဂျင် ပြတ်လပ်၍ ​သေဆုံး​ခြင်း​ ဖြစ်နိုင်​ကြောင်း​ ရဲများ​က မှတ်ချက်ပြုခဲ့​သည်။

သတင်း​များ​က အင်ဂျင်ခန်း​အတွင်း​ ပိတ်မိ​နေသူများ​သည် အပြင်ထွက်ရန် ကြိုး​စား​ခဲ့​​သော်လည်း​ အပြင်တွင်လည်း​ လူ​ပေါင်း​များ​စွာ ရှိ​နေခြင်း​​ကြောင့်​ ထွက်ရန် မလွယ်ကူသဖြင့်​ ယခုလို အဖြစ်ဆိုး​ ကြံုခဲ့​ခြင်း​ ဖြစ်နိုင်​ ကြောင်း​ ​ရေး​သား​ခဲ့​ကြသည်။ စုံ​ထောက်များ​က အ​လောင်း​များ​သည် ပုပ်သိုး​စပင် ပြု​နေပြီဖြစ်ရာ နိုင်ငံတကာ ​ ရေပိုင်နက်ကတည်း​က ​သေဆုံး​လာခဲ့​ခြင်း​ ဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

လက်ရှိအချိန်တွင် ရဲတပ်ဖွဲ့​အ​နေနှင့်​ စုံစမ်း​မှုများ​ ဆက်လက် ပြုလုပ်​နေဆဲဖြစ်သည်။ အသက်ရှင် လွတ်​မြောက်လာသူများ​က အခြား​​သေဆုံး​သူ တစ်ဦး​၏ ရုပ်အ​လောင်း​မှာ ပင်လယ်ထဲ ကျကျန်​နေခဲ့​​ကြောင်း​လည်း​ ဖွင့်​ဟ​ပြောဆိုခဲ့​ကြသည်။ ယခုစက်​လှေ​ပေါ်တွင် ​သေဆုံး​ခဲ့​ သူများ​သည် ပြည်တွင်း​စစ်ပွဲ​ကြောင့်​ ထွက်​ပြေး​လာသည့်​ လစ်ဗျား​ ဒုက္ခသည်များ​အပြင် ဆိုမာလီယာ၊ နိုက်ဂျီး​ရီး​ယား​နှင့်​ ဂါနာနိုင်ငံသား​များ​လည်း​ ပါ၀င်ဖွယ်ရှိ​ကြောင်း​ အီတလီ ရဲတပ်ဖွဲ့​က ခန့်​မှန်း​ခဲ့​သည်။

လစ်ဗျား​တွင် ပြည်တွင်း​စစ်ပွဲများ​ စတင်ပြီး​​နောက် ဒုက္ခသည် ​ထောင်​ပေါင်း​များ​စွာတို့​သည် လုံခြံုမှု နည်း​ပါး​​သော ​ရေလမ်း​မှတဆင့်​ အီတလီသို့​ ၀င်​ ရောက်​ခိုလှုံရန် ကြိုး​ပမ်း​လာခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here