ဂွာယာနာနိုင်ငံတွင် ​လေယာဉ်ဆင်း​သက်စဉ် နှစ်ပိုင်း​ကျိုး​သွား​​သော်လည်း​ ​သေဆုံး​သူမရှိ

alt

​တောင်အ​မေရိကတိုက်ရှိ ဂွာယာနာနိုင်ငံတွင် ခရီး​သည်တင် ​လေယာဉ်တစ်စင်း​သည် ​ပြေး​လမ်း​​ပေါ် ဆင်း​သက်စဉ် နှစ်ပိုင်း​ကျိုး​ထွက်သွား​​သော်လည်း​ လူတစ်ဦး​မှ မ​သေခဲ့​​ကြောင်း​ သိရသည်။

ကာ​ရေဘီယန် ​လေ​ကြောင်း​ပိုင် Boeing 737 ​လေယာဉ်သည် နယူး​​ယော့​ခ်မှ စတင်ပျံသန်း​လာခဲ့​ခြင်း​ဖြစ်ပြီး​ ​ဂျော့​ဂျ်​တောင်း​ရှိ ချက်ဒီဂျာဂန် ​လေဆိပ်တွင် ဆင်း​သက်ရန် ကြိုး​ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ လူ ၁၆၃ ဦး​ လိုက်ပါလာ​သော ​လေယာဉ်​ပေါ်မှ ခရီး​သည် အများ​အပြား​ ဒဏ်ရာရခဲ့​​သော်လည်း​ တစ်ဦး​မှ အသက်မ​သေခဲ့​​ပေ။

လူ​ပေါင်း​ ၁၀၀ ​ကျော်မှာ ​ဆေး​ဝါး​ကုသမှု ခံယူခဲ့​ရပြီး​ အချို့​ကို ​ဆေး​ရုံသို့​ တင်ပို့​​ပေး​ခဲ့​ရ​ကြောင်း​ သတင်း​များ​ကဆိုသည်။ ၄ ဦး​မှာမူ ဆိုး​ဆိုး​ရွား​ရွား​ ဒဏ်ရာရခဲ့​သည်။ ​လေ​ကြောင်း​လိုင်း​ ဥက္ကဋ္ဌ ​ဂျော့​ဂျ်နစ်ကိုလက်စ်က ယခုဖြစ်စဉ်အတွင်း​ ​သေဆုံး​သူ လုံး​ဝမရှိခဲ့​ခြင်း​သည် အံ့​ဩဖွယ် အလွန်​ကောင်း​​ကြောင်း​ ဝန်ခံသွား​သည်။

​လေယာဉ် ​မြေပြင်နှင့်​ရိုက်ပြီး​ နှစ်ပိုင်း​ကျိုး​သွား​စဉ် ခရီး​သည်များ​ ထိတ်လန့်​စွာ ​အော်ဟသ်ခဲ့​ကြသလို အချို့​ကလည်း​ အ​ရေး​​ပေါ် တံခါး​မှတဆင့်​ ခုန်ချရန် ကြိုး​ပမ်း​ခဲ့​ကြ​သေး​သည်။ ​နောက်ဆုံး​တွင် ​လေယာဉ်မှာ ​အောင်မြင်စွာ ရပ်တံ့​သွား​ခဲ့​သည်။ အမျိုး​သမီး​ တစ်ဦး​က အလွန်ဆိုး​ရွား​​သော ဖြစ်ရပ်ကို ကြံုခဲ့​​ကြောင်း​၊ တစ်ချိန်လုံး​ ဘုရား​သခင်ထံသာ အာရုံပြု ဆု​တောင်း​​နေမိ​ကြောင်း​ ဖွင့်​ဟ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here