ခွင့်​လွှတ်ခြင်း​တရား​ကြီး​မား​လှသည့်​ အီရန်အမျိုး​သမီး

alt

သူမ၏ ဘဝတစ်ခုလုံး​ ပျက်စီး​သွား​​အောင် လုပ်​ဆောင်ခဲ့​သူအ​ပေါ် ခွင့်​လွှတ်​ပေး​နိုင်​ကြောင်း​ အီရန် အမျိုး​သမီး​ကြီး​ တစ်ဦး​က ဖွင့်​ဟ ​ပြောဆိုလိုက်သည်။

အမီနာ ဘာရာမီက သူမကို မျက်လုံး​ကန်း​​စေခဲ့​သလို မျက်နှာကိုလည်း​ ရုပ်ပျက်ဆင်း​ပျက် ဖြစ်သွား​​အောင် အက်ဆစ်ဖြင့်​ ပက်ခဲ့​သူအား​ ခွင့်​လွှတ်​ကြောင်း​ AAPသို့​ ဖွင့်​ဟ ​ပြောကြား​သွား​သည်။ အစ္စလာမ် ဘာသာ​ရေး​အရ မျက်လုံး​တစ်လုံး​အတွက် တစ်လုံး​ပြန်အ​လျော်​ပေး​ရသည့်​ စီရင်ချက်မျိုး​ မဖြစ်​စေလို​ကြောင်း​ ​ပြောဆိုခဲ့​သည်။

ဝမ်း​နည်း​စွာ ငို​ကြွေး​​နေ​သော မာဂျစ် မိုဗာဟီဒီက အမီနာသည် သ​ဘောထား​ကြီး​လှသည့်​ အမျိုး​သမီး​ဖြစ်​ကြောင်း​ ​နောင်တများ​ဖြင့်​ ဝန်ခံခဲ့​သည်။ ခွင့်​လွှတ်ခြင်း​သည် လက်စား​​ချေခြင်း​ထက် ပိုမိုလွှမ်း​မိုး​နိုင်​ကြောင်း​ သူမကဆိုသည်။ တရား​ရုံး​အ​နေနှင့်​ အမီနာ၏ ခွင့်​လွှတ်မှု​ကြောင့်​ ဘာသာ​ရေး​ စည်း​မျဉ်း​အတိုင်း​ စီရင်မည့်​ ကိစ္စကို ပြန်လည် ​ပြောင်း​လဲ သုံး​သပ်သွား​မည်ဖြစ်သည်။

သူမအ​နေနှင့်​ ကလဲ့​စား​​ချေမှုများ​ ပြုလုပ်​နေရန် စိတ်ကူး​မရှိ​ကြောင်း​၊ ရန်ညှိုး​ထား​မှုသည် မည်သည့်​အခါတွင်မှ ပြီး​ဆုံး​နိုင်မည် မဟုတ်ဘဲ သံသရာလည်​နေမည်ဖြစ်​ကြောင်း​ အမီနာက ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here