​ဒေး​ဗစ်ဘက်ဟမ်း​ဇနီး​​မောင်နှံ ပဥ္စမ​မြောက် က​လေး​တစ်ဦး​ရယူရန် ​မျှော်လင့်​​နေ​သေး​

alt

​ဒေး​ဗစ်ဘက်ဟမ်း​နှင့်​ ဗစ်တိုး​ရီး​ယား​ ဘက်ဟမ်း​တို့​သည် ပဥ္စမ​မြောက် က​လေး​တစ်ဦး​ ရယူရန် ​မျှော်လင့်​​နေ​ကြောင်း​ သိရသည်။

အ​မေရိကန်တွင် အ​ခြေစိုက် ​နေထိုင်​သော ဗြိတိသျှ နာမည်​ကျော် ဇနီး​​မောင်နှံသည် မကြာ​သေး​မီကမှ သမီး​​လေး​ ဟာပါဆဲဗင်း​ ဘက်ဟမ်း​ကို ​မွေး​ဖွား​ထား​သလို သား​ ၃ ဦး​လည်း​ ရှိနှင့်​ပြီး​ဖြစ်သည်။ သို့​​သော်လည်း​ အင်္ဂလန် လက်​ရွေး​စင် ​ဘောလုံး​သမား​ ဘက်ဟမ်း​က မိသား​စုဝင် အ​ရေအတွက်ကို ပိုမိုချဲ့​ထွင်လို​နေ​သေး​​ကြောင်း​ ဝန်ခံ​ပြောဆိုခဲ့​သည်။

မိမိတို့​အ​နေနှင့်​ ​နောက်ထပ် က​လေး​တစ်ဦး​ ရရှိရန် ​မျှော်လင့်​​ကြောင်း​၊ ကံ​ကောင်း​​ထောက်မစွာဖြင့်​ အဆိုပါ ​မျှော်လင့်​ချက် ပြည့်​​မြောက်ရန် ဆု​တောင်း​မိ​ကြောင်း​ အသက် ၃၆ နှစ်ရှိ ဘက်ဟမ်း​က ​ပြောကြား​သွား​သည်။ ထို့​အပြင် ဘက်ဟမ်း​က လက်ရှိတွင် သား​ ၃ ဦး​သည် ညီမ​လေး​အ​ပေါ် အလွန် ချစ်ခင်​နေ​ကြောင်း​လည်း​ ဖွင့်​ဟခဲ့​သည်။

သား​ ၃ ဦး​လုံး​က ဟာပါး​ဆဲဗင်း​​လေး​အား​ မျက်စိ​အောက်မှ အ​ပျောက်မခံ​လောက်​အောင် အဖြစ်သည်း​​နေ​ကြောင်း​၊ မိသား​စုထဲတွင် မိန်း​က​လေး​ငယ်တစ်ဦး​ တိုး​လာခြင်း​သည် ၎င်း​တို့​အတွက် ထူး​ဆန်း​​သော အ​တွေ့​အကြံုတစ်ခု ဖြစ်​နေ​ကြောင်း​လည်း​ ဘက်ဟမ်း​က ရယ်ရယ်​မော​မော ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here