ကမ္ဘာ့​တန်ဖိုး​အကြီး​ဆုံး​ ယဉ်တိုက်မှုတရား​ခံ မိန်း​က​လေး​

alt

မိုနာကိုတွင် မိန်း​က​လေး​တစ်​ယောက်သည် ကမ္ဘာ့​တန်ဖိုး​အကြီး​ဆုံး​ ယာဥ်တိုက်မှုကို အစပြုခဲ့​မိသည့်​ သူမ၏ လုပ်ရပ်အတွက် အကြီး​အကျယ် ထိတ်လန့်​ အံ့​ဩခဲ့​ရသည်။ ​

ပေါင်စတာလင် ၂၅၀၀၀၀ တန် ဘန်တ​လေ Azure ကား​တစ်စင်း​ကို ​မောင်း​လာသည့်​ မိန်း​က​လေး​သည် ကား​ ၄ စင်း​ကို ဆင့်​တိုက်မိ​စေခဲ့​သည့်​ လက်သည်တရား​ခံ ဖြစ်လာသည်။ သူမအတွက် အလွန်ကံဆိုး​သည်မှာ ယာဥ်တိုက်မှုတွင် ပါ၀င်ပတ်သက်သည့်​ ကား​များ​မှာ ဖာရာရီတစ်စင်း​၊ ​ပေါ်​ရှေး​တစ်စင်း​၊ မာစီဒီး​စ်တစ်စင်း​နှင့်​ ​အော်စတန်မာတင် တစ်စင်း​တို့​ ဖြစ်​နေခြင်း​ဟု သိရသည်။

 သူမသည် ​ပေါင်စတာလင် ရ၅၀၀၀ တန် မာစီး​ဒီး​စ် S Classကား​ကို ဦး​စွာ ၀င်တိုက်ခဲ့​သည်။ ထိုကား​သည် ​ပေါင်စတာလင် ၁၄၀၀၀၀ တန် ဖာရာရီ F430ကို ထပ်ဆင့်​တိုက်မိခဲ့​သည်။ ထို့​​နောက် ​ပေါင်စတာလင် ၁၄၀၀၀၀ တန် ​အော်စတန်မာတင် Rapideနှင့်​ ​ပေါင်စတာလင် ၈၀၀၀၀ တန် ပို​ရှေး​ 911 တို့​ပါ ကံဆိုး​သွား​ပြီး​ ယာဥ်တိုက်မှုတွင် ပါ၀င်ခဲ့​သည်။

ထိုယာဥ်တိုက်မှုအတွင်း​ ကား​များ​၏ ​လေကာမှန်များ​၊ တံခါး​များ​ ပျက်စီး​ခဲ့​သလို ဆုံး​ရှုံး​မှုတန်ဖိုး​သည် ​ပေါင်စတာလင် ၄၀၀၀၀ ​ကျော်မျှ ရှိနိုင်မည်ဟု ခန့်​မှန်း​ရသည်။ ဥ​ရောပ ​မော်​တော်ကား​များ​ဆိုင်ရာ ​လေ့​လာသည့်​ ဝက်ဘ်ဆိုက်တစ်ခုမှ အယ်ဒီတာဖြစ်သူ ရုဒ်ပတ်က မိမိအ​နေနှင့်​ ဇိမ်ခံကား​ အများ​အပြား​ သီး​သန့်​ပါ၀င်ခဲ့​သည့်​ အဆိုပါ ယာဥ်တိုက်မှုမျိုး​ မမြင်ဖူး​ခဲ့​​ကြောင်း​ ဝန်ခံ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here