ဦး​​ခေါင်း​တွင် စိုက်ဝင်​နေသည့်​ ၅ ​ပေရှည်သည့်​ ဓား​အား​ ခွဲစိတ်ဖယ်ရှား​

alt

တရုတ်နိုင်ငံတွင် ဆယ်​ကျော်သက် တစ်ဦး​၏ ​ခေါင်း​တွင် စိုက်ဝင်​နေ​သော ဓား​ရှည်တစ်​ချောင်း​ကို ဆရာဝန်များ​က ခွဲစိတ်ဖယ်ရှား​​ပေး​ခဲ့​ရ​ကြောင်း​ သိရှိရသည်။

ဇန်ဘင်း​သည် ယခု​နွေရာသီ အား​လပ်ရက်တွင် သူငယ်ချင်း​သုံး​​ယောက် စု​ပေါင်း​ပြီး​ အ​ပျော်ခရီး​ ထွက်ခဲ့​သည်။ ထို့​​နောက် သူငယ်ချင်း​များ​ အတူ​ဆော့​ကစား​ရင်း​ ရှည်လျား​​သော ဓား​တစ်​ချောင်း​ ဦး​​ခေါင်း​တွင် စိုက်ဝင်​နေမှုနှင့်​ ကြုံခဲ့​ရသည်။ ဆိုး​ဆိုး​ရွား​ရွား​ ဖြစ်ရပ်နှင့်​ ကြံုခဲ့​ရ​သော်လည်း​ ဇန်မှာ အသက်မ​သေဘဲ ​ဆေး​ရုံသို့​ ​ရောက်လာခဲ့​သည်။

ချန်ရှာရှိ ​ဆေး​ရုံမှ ခွဲစိတ်အထူး​ကု ဆရာဝန်များ​သည် ဇန်၏ နဖူး​တွင် စိုက်​နေသည့်​ ၅ ​ပေရှည်သည့်​ ဓား​အား​ ​အောင်မြင်စွာ ဖယ်ရှား​​ပေး​နိုင်ခဲ့​သည်။ ကံအား​​လျော်စွာဖြင့်​ စိုက်ဝင်​နေ​သော ဓား​ဖျား​သည် ဇန်၏ ဦး​​ခေါင်း​ရှိ အဓိက ​သွေး​​ကြောများ​နှင့်​ အာရုံ​ကြောများ​ကို ဖျက်ဆီး​ပစ်ခဲ့​ခြင်း​ မရှိ​ပေ။

ဇန်သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က သူငယ်ချင်း​များ​နှင့်​အတူ ​ဆော့​ကစား​ရန် ချိန်း​ဆိုခဲ့​ကြသည်။ ၎င်း​တို့​အနက် တစ်ဦး​သည် ဂျပန်ဓား​ရှည် တစ်​ချောင်း​ကို ဝယ်ယူလာခဲ့​သည်။ ထိုဓား​ဖြင့်​ ​ဆော့​ကစား​ရင်း​ အသက် ၁၅ နှစ်အရွယ် ဇန်တစ်​ယောက် ဒဏ်ရာရသွား​ခြင်း​ဖြစ်သည်။ ဆရာဝန်များ​က ဇန်အ​နေနှင့်​ ၂ ပတ်မျှ အကြာတွင် ​ဆေး​ရုံမှ ဆင်း​နိုင်မည်ဟု ​မျှော်လင့်​​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here