ထိုင်ဝမ်စစ်တပ်မှ အရာရှိတစ်ဦး​ သူလျှိုမှုဖြင့်​ ​ထောင်ဒဏ်တစ်သတ်ချမှတ်ခံရ

alt

ထိုင်ဝမ် စစ်ခုံရုံး​တစ်ခုက ဗိုလ်မှူး​ချုပ်တစ်ဦး​အား​ သူလျှိုမှုဖြင့်​ ​ထောင်ဒဏ်တစ်သက် ချမှတ်လိုက်​ကြောင်း​ သိရှိရသည်။

ကာကွယ်​ရေး​ ဝန်ကြီး​ဌာနက ဗိုလ်မှူး​ချုပ် အဆင့်​ရှိ လိုဆန်ချီသည် နိုင်ငံ​ရေး​ပြိုင်ဖက် တရုတ်ထံသို့​ ​ဟောင်​ကောင်၏ စစ်​ရေး​ဆိုင်ရာ လျှို့​ဝှက် သတင်း​အချက်အလက်များ​ ​ထောက်ပံ့​​ပေး​အပ်ခဲ့​​ကြောင်း​ စွပ်စွဲထား​သည်။ ဇူလိုင်လ ၂၅ ရက်​နေ့​က ​ထောင်ဒဏ်တစ်သက် ချမှတ်ခံရ​သော လိုအ​နေနှင့်​ အယူခံဝင်ခွင့်​ ရရှိမည်ဖြစ်သည်။

အသက် ၅၁ နှစ်အရွယ် လိုသည် ၂၀၀၄ ခုနှစ်က တရုတ်၏ သူလျှိုအဖြစ် သိမ်း​သွင်း​မှုကို ခံခဲ့​ရ​ကြောင်း​ တရား​ရုံး​က ​ပြောကြား​ခဲ့​သည်။ ၎င်း​အား​ သူလျှိုမှု၊ လာဘ်စား​မှုများ​ဖြင့်​ စွဲချက်တင်ခဲ့​ခြင်း​ဖြစ်သည်။ လိုသည် ​နောက်ပိုင်း​တွင် စစ်တပ်၏ ဆက်သွယ်​ရေး​ဌာနမှတဆင့်​ သတင်း​အချက်အလက်များ​ ရယူခဲ့​​ကြောင်း​ သိရသည်။

ထို့​​နောက် အ​မေရိကန် နည်း​ပညာသုံး​ စစ်ဖက်ဆိုင်ရာ ကွန်ရက်တစ်ခုမှတဆင့်​ တရုတ်သို့​ သတင်း​အချက်အလက်များ​ ​ပေး​ပို့​ခဲ့​သည်ဟု တရား​ရုံး​က ​ပြောဆိုသွား​သည်။ ထိုင်ဝမ်နှင့်​ တရုတ်တို့​သည် ၁၉၄၉ ပြည်တွင်း​စစ် အပြီး​တွင် သီး​ခြား​ နိုင်ငံများ​အဖြစ် ရပ်တည်​နေခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here