က​လေး​များ​ကို ​ရောင်း​စား​ပြီး​ ဂိမ်း​ကစား​သည့်​ တရုတ်စုံတွဲ

alt

တရုတ်နိုင်ငံမှ စုံတွဲ နှစ်ဦး​သည် အင်တာနက် က​ဖေး​များ​တွင် ဂိမ်း​ကစား​ရန်အတွက် က​လေး​များ​ကို ​ရောင်း​စား​ခဲ့​​ကြောင်း​ စွပ်စွဲခံ​နေရသည်။

လီလင်နှင့်​ လီဂျူအန်တို့​သည် ၂၀၀၇ ခုနှစ်က အင်တာနက် က​ဖေး​တစ်ခုတွင် စတင်​တွေ့​ဆုံခဲ့​ကြသည်။ ၎င်း​တို့​သည် ဒုတိယ သမီး​​လေး​ကို ယွမ်​ငွေ ၃၀၀၀ ဖြင့်​ ​ရောင်း​ချခဲ့​ပြီး​​နောက် အင်တာနက် ဂိမ်း​များ​ကို စွဲလန်း​စွာ ကစား​ခဲ့​ကြသည်။ ထိုပိုက်ဆံ ကုန်သွား​ပြီး​​နောက် ပထမက​လေး​ဖြစ်​သော သား​​လေး​ကို ယွမ် ၃၀၀၀၀ ဖြင့်​ ထပ်မံ​ရောင်း​ချခဲ့​​ကြောင်း​ သိရသည်။

ထို့​​နောက် တတိယ​မြောက် သား​​လေး​တစ်ဦး​ ​မွေး​ဖွား​လာချိန်တွင်လည်း​ အစ်ကိုဖြစ်သူအတွက် ရခဲ့​သည့်​ ​ဈေး​အတိုင်း​ ထပ်မံ​ရောင်း​ချခဲ့​သည်။ ထို့​​နောက် လီလင်၏ မိခင်က ထိုစုံတွဲ မည်သို့​​သော လုပ်ရပ်များ​ကို ကျူး​လွန်​နေ​ကြောင်း​ သိရှိလာပြီး​ ရဲများ​ထံ တိုင်ကြား​ခဲ့​ရာ စုံတွဲနှစ်​ယောက်လုံး​ကို ရဲများ​က ဖမ်း​ဆီး​ခဲ့​သည်။

ထိုနှစ်ဦး​လုံး​က မိမိတို့​သည် က​လေး​များ​ကို ပြုစုပျိုး​​ထောင်သွား​ရန် ဆန္ဒမရှိ​ကြောင်း​ ဝန်ခံခဲ့​ပြီး​ ​ရောင်း​စား​ရန်သာ စိတ်အား​ထက်သန်ခဲ့​​ကြောင်း​ ရဲများ​ထံ ထွက်ဆိုခဲ့​သည်ဟု သတင်း​များ​က ​ဖော်ပြသွား​သည်။ ထိုစုံတွဲက အဆိုပါ လုပ်ရပ်သည် ဥပ​ဒေကို ​ဖောက်ဖျက်မှုတစ်ခုဟု မိမိတို့​ လုံး​၀ မသိခဲ့​​ကြောင်း​လည်း​ တွင်တွင် ငြင်း​ဆန်​နေခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here