Two die as Boeing 747 cargo jet crashes off South Korea

alt

​တောင်ကိုရီး​ယား​ နိုင်ငံတွင် ကုန်တင် ​လေယာဥ်တစ်စင်း​ ပျက်ကျရာ လူ ၂ ဦး​ ​သေဆုံး​သွား​​ကြောင်း​ သိရသည်။

Boeing 747 အမျိုး​အစား​ ​လေယာဥ်သည် Asiana ​လေ​ကြောင်း​လိုင်း​ပိုင် ဖြစ်ပြီး​ ​တောင်ကိုရီး​ယား​ ကမ်း​လွန်ရှိ ဂျီဂျူး​ ကျွန်း​အနီး​တွင် ပျက်ကျခဲ့​ခြင်း​ဖြစ်သည်။ နိုင်ငံ​တောင်ပိုင်း​တွင် ပျက်ကျသွား​​သော ​လေယာဥ်သည် အင်ချွန်း​မှတဆင့်​ တရုတ်နိုင်ငံရှိ ပူ​ဒေါင်သို့​ ဦး​တည်ပျံသန်ခဲ့​ခြင်း​ဖြစ်သည်။ ဇူလိုင်လ ၂၈ ရက်​နေ့​က ပျက်ကျခဲ့​​သော ​လေယာဥ်တွင် လိုက်ပါလာ​သော ​လေယာဥ်မှူး​ နှစ်ဦး​လုံး​ ​သေဆုံး​သွား​ခဲ့​သည်။ ဂျီဂျူး​​လေဆိပ်သို့​ မ​ရောက်မီ ​လေယာဥ်သည် ​ရေဒါမြင်ကွင်း​တွင် ​ပျောက်ကွယ်သွား​ခဲ့​ခြင်း​ဟု သိရသည်။

ယွန်ဟပ်သတင်း​ ​အေဂျင်စီက ​လေယာဥ်ပျက်ကို ပြန်လည် ရှာ​ဖွေ ​တွေ့​ရှိထား​ပြီး​ဖြစ်​ကြောင်း​ ​ဖော်ပြခဲ့​သည်။ လက်ရှိတွင် ​လေယာဥ် ပျက်ကျရမှုနှင့်​ ပတ်သက်ပြီး​ စုံစမ်း​မှုများ​ ပြုလုပ်​နေဆဲ ဖြစ်ပြီး​ ရာသီဥတု ဆိုး​ရွား​မှု​ကြောင့်​ ဖြစ်နိုင်​ကြောင်း​ ​လေ့​လာသူများ​က ခန့်​မှန်း​ခဲ့​သည်။

​တောင်ကိုရီး​ယား​တွင် ယခုသီတင်း​ပတ်အတွင်း​ မိုး​များ​ သည်း​ထန်စွာ ရွာသွန်း​လျက်ရှိသည်။ Boeing 747​လေယာဥ်များ​ကို ကုန်တင်​လေယာဥ်အဖြစ်​ရော၊ ခရီး​သည်တင် ​လေယာဥ် အဖြစ်ပါ သုံး​စွဲနိုင်သည်။ Jumbo Jetဟု နာမည်​ပြောင် ​ပေး​ထား​​သော အဆိုပါ ​လေယာဥ်များ​သည် ဆယ်စုနှစ် ၄ ခုကြာ​အောင် ဆက်လက်သုံး​စွဲ​နေဆဲဖြစ်သလို Boeingကုမ္ပဏီကလည်း​ အသစ်ထုတ်လုပ်​နေဆဲဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here