စ​​ကော့​​တန်ကမ်း​​​ခြေတွင် ​​တွေ့​​ရှိခဲ့​​သည့်​​ ထူး​​ဆန်း​​သည့်​​ တိရစ္ဆာန်အ​​လောင်း​​မှာ ​​ဝေလငါး​​​ပေါက်တစ်​​ကောင်သာဖြစ်

alt

စ​​ကော့​​တလန်နိုင်ငံ၊​ အဘာဒင်း​​ရှိ ပင်လယ်ကမ်း​​​ခြေ တစ်ခုတွင် ​​တွေ့​​ရှိခဲ့​​သည့်​​ ထူး​​ခြား​​ဆန်း​​ပြား​​​သော အမျိုး​​အမည်မသိ တိရစ္ဆာန် အ​​လောင်း​​တစ်ခုသည် အမှန်အား​​ဖြင့်​​ ​​ဝေလငါး​​​ပေါက် တစ်​​ကောင်သာဖြစ်​​ကြောင်း​​ သိရှိရသည်။

ဇူလိုင်လ ၁၉ ရက်​​နေ့​​က ကမ်း​​​ခြေအနီး​​ လမ်း​​​လျှောက်ခဲ့​​သည့်​​ မာဂရက် ဖီလီပန့်​​နှင့်​​ နစ် ဖီလီပန့်​​တို့​​က ဒွန်တံတား​​ ဧရိယာအနီး​​ အဆိုပါ ဆန်း​​ကျယ်​​သော ရုပ်အ​​လောင်း​​ကို ​​တွေ့​​ရှိခဲ့​​ခြင်း​​ဖြစ်သည်။ ယခုအခါ ပညာရှင်များ​​က ကနဦး​​ စစ်​​ဆေး​​မှုများ​​ ပြုလုပ်ပြီး​​​နောက် ယင်း​​ရုပ်အ​​လောင်း​​သည် လမ်း​​ပြ ​​ဝေလငါး​​ အ​​ကောင်​​လေး​​၏ အကြွင်း​​အကျန်သာ ဖြစ်နိုင်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

ထို​​ဝေလငါး​​​လေး​​သည် အုပ်စုထဲမှ ကွဲထွက်ပြီး​​ မျက်စိလည်ကာ ကမ်း​​​ခြေအနီး​​ ​​ရောက်လာခြင်း​​ ဖြစ်နိုင်​​ကြောင်း​​၊​ ယင်း​​​ဝေလငါး​​​ပေါက်​​လေး​​များ​​သည် အ​​ကောင်ကြီး​​များ​​၏ ထိန်း​​သိမ်း​​​စောင့်​​​ရှောက်မှု မရှိဘဲ အသက်ရှင် ရပ်တည်ရန် မလွယ်​​ကြောင်း​​ ပညာရှင်များ​​က ​​ပြောကြား​​ခဲ့​​သည်။

လမ်း​​ပြ ​​ဝေလငါး​​များ​​သည် ဗြိတိန်​​မြောက်ပိုင်း​​ ပင်လယ်ထဲတွင် အ​​ရေအတွက် များ​​ပြား​​စွာ ကျက်စား​​​နေထိုင်ပြီး​​ ကမ်း​​​ပေါ်တွင် ​​သောင်တင်လာမှု အများ​​ဆုံး​​ ​​တွေ့​​ရတတ်သည့်​​ ​​ဝေလငါး​​မျိုး​​စိတ် တစ်ခုဖြစ်​​ကြောင်း​​လည်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here