​အေမီဝိုင်း​​ဟောက်စ် သီချင်း​များ​ ဆက်လက်​ရောင်း​ချလုပ်​ဆောင်မှုအတွက် Microsoft ​တောင်း​ပန်

alt

Microsoft ​ကော်ပို​ရေး​ရှင်း​က ကွယ်လွန်သူ အမ်မီဝိုင်း​​ဟောက်စ် သီချင်း​များ​ကို ဆက်လက်​ရောင်း​ချရန် လုပ်​ဆောင်ခဲ့​မှုနှင့်​ ပတ်သက်ပြီး​ ပြန်လည် ​တောင်း​ပန်လိုက်သည်။

Microsoftသည် ၎င်း​ထုတ်လုပ်​ရောင်း​ချသည့်​ Media Playerဖြစ်​သော Zuneတွင် အမ်မီ၏ သီချင်း​များ​ကို ​ရောင်း​ချရန် စည်း​ရုံး​လုပ်​ဆောင်မှု​ကြောင့်​ အမ်မီ၏ ပရိသတ်များ​က ​ဒေါသထွက်​နေကြသည်။ အမ်မီအား​ သတိရ တမ်း​တသည့်​ အ​နေနှင့်​ Back to Black အယ်လ်ဘမ်ကို Zuneမှတဆင့်​ ဝယ်ယူသင့်​​ကြောင်း​ Microsoft၏ Twitterတွင် ​ရေး​သား​ခဲ့​ရာ အမ်မီ ​သေဆုံး​ချိန်တွင် ​ဈေး​ကွက်စည်း​ရုံး​မှု ပြုလုပ်သည်ဟု သူမ၏ ပရိသတ်များ​က တုံ့​ပြန် စွပ်စွဲခဲ့​ကြသည်။

အကြီး​အကျယ် ဖိအား​​ပေး​ ​ဝေဖန်မှုများ​ ရှိလာပြီး​​နောက် Microsoftသည် ထိုTwitter Postကို ပြန်ဖျက်ခဲ့​သလို ပရိသတ်များ​အား​ ​တောင်း​ပန်ခဲ့​သည်။ အမ်မီ၏ သီချင်း​များ​ကို Downloadလုပ်ရန် အ​စောပိုင်း​က လွှင့်​တင်ခဲ့​သည့်​ Postနှင့်​ ပတ်သက်ပြီး​ စိတ်အ​နှောင့်​အယှက် ဖြစ်ရသူ အား​လုံး​ကို မိမိတို့​ ​တောင်း​ပန်​ကြောင်း​၊ အနာဂတ်တွင် ထိုသို့​​သော အမှား​မျိုး​ မရှိ​စေရန် ကတိ​ပေး​ပါ​ကြောင်း​ Microsoftက ပြန်လည် ​ရေး​သား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here