နယူး​ဇီလန်ငလျင်ကြီး​တွင် ​သေကံမ​ရောက်ခဲ့​သည့်​ ​ရွှေငါး​နှစ်​ကောင်

alt

​ရွှေငါး​​လေး​ နှစ်​ကောင်သည် ကမ္ဘာ​ပေါ်တွင် အ​သေး​ငယ်ဆုံး​နှင့်​ အကြမ်း​ပတမ်း​ အခံနိုင်သုံး​ သက်ရှိ​လေး​များ​အဖြစ် လူ​ပြောများ​​နေပြီဖြစ်သည်။

ယင်း​ငါး​​လေး​များ​သည် နယူး​ဇီလန်နိုင်ငံ၊ ခရစ်ချန့်​မြို့​တွင် လှုပ်ရှား​သွား​​သော ငလျင်ကြီး​အပြီး​ ၁၃၄ ရက်လုံး​လုံး​ အစာမရှိဘဲ အသက်ရှင်​နေခဲ့​ရသည်။ Scooby Doo ကာတွန်း​ ဇာတ်​ကောင် အမည်များ​ဖြစ်​သော ရှက်ဂီနှင့်​ ဒက်ဖနီဟု အမည်မှည့်​ထား​သည့်​ ငါး​​လေး​များ​သည် ​ဖေ​ဖော်ဝါရီလက လူ​ပေါင်း​ ၁၈၁ ဦး​ ​သေဆုံး​​စေခဲ့​သည့်​ သဘာဝ ​ဘေး​ဆိုး​ကြီး​ အပြီး​ကတည်း​က ၎င်း​တို့​၏ မှန်ကန်​လေး​ထဲတွင် ပိတ်မိ​နေခဲ့​သည်။

ဇူလိုင်လ ၆ ရက်​နေ့​ကျမှ ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး​ဖြစ်သူ ဗစ်ကီသွန်နီသည် သူမ၏ ပစ္စည်း​များ​ကို ပြန်လည်ယူ​ဆောင်ရန် ​ရောက်လာရာ ငါး​​လေး​များ​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။ ထိုငါး​​လေး​များ​ကို ကုမ္ပဏီ၏ ဧည့်​ကြို ​နေရာတွင် ​မွေး​ထား​ခြင်း​ဖြစ်သည်။ ​ရေလီတာ ၁၀၀ ၀င်ဆန့်​​သော ကန်ထဲတွင် ငါး​​လေး​ ၆ ​ကောင် ​မွေး​ထား​​သော်လည်း​ ၃ ​ကောင်မှာ ရှာမ​တွေ့​​တော့​သလို ၁ ​ကောင်မှာ ​သေ​နေပြီဖြစ်သည်။

သို့​​သော်လည်း​ ရှက်ဂီနှင့်​ ဒက်ဖနီတို့​အား​ အသက်ရှင်လျက် ​တွေ့​မြင်ခဲ့​ရသည့်​အတွက် ဗစ်ကီမှာ အလွန် အံ့​ဩ​နေခဲ့​သည်။ ​ရေ​နေသတ္တဝါဆိုင်ရာ ကျွမ်း​ကျင်သူ တစ်ဦး​ဖြစ်​သော ​ပေါလ် ကလက်ဆန်က ငါး​​လေး​များ​သည် ငါး​ကန်မှန်နံရံတွင် သဘာဝအ​လျောက် ​ပေါက်​ရောက်လာသည့်​ အယ်လ်​ဂျေး​ ​ရေညှိများ​ကို စား​သုံး​ကာ အသက်ဆက်​နေခဲ့​ဟန်ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထို့​အပြင် ကန်၏ ကျယ်ပြန့်​မှု​ကြောင့်​ ​ရေညှိများ​ ​ပေါက်​ရောက်သည့်​ ​နေနိုင်​ကြောင်း​ ကလက်ဆန်ကဆိုသည်။ ၎င်း​က ​ရွှေငါး​များ​သည် အကြမ်း​ခံနိုင်​သော ငါး​မျိုး​များ​ဖြစ်​ကြောင်း​လည်း​ သုံး​သပ်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here