ဗြိတိန်တွင်လည်း​ အကြမ်း​ဖက်မှုများ​ ဖြစ်​ပေါ်လာမည်ကို စိုး​ရိမ်​နေရ

alt

​နော်​ဝေး​နိုင်ငံတွင် အပြစ်မဲ့​ ပြည်သူများ​ကို ရမ်း​ကား​ သတ်ဖြတ်ခဲ့​သူ တစ်ဦး​​ကြောင့်​ ဗြိတိန်တွင်လည်း​ အကြမ်း​ဖက်မှုများ​ ဖြစ်​ပေါ်လာမည်ကို စိုး​ရိမ်​နေ​ကြောင်း​ သိရသည်။

စ​ကော့​တလန်ယာ့​ဒ်က လူမျိုး​​ရေး​ မုန်း​တီး​မှုကို အ​ခြေခံသည့်​ အကြမ်း​ဖက် အဖွဲ့​အစည်း​ ၂ ခုမျှသည် ဗြိတိန်တွင် တိုက်ခိုက်မှုများ​ ပြုလုပ်ရန် အသင့်​ရှိ​နေသည်ဟု ယူဆရ​ကြောင်း​ ဝန်ခံခဲ့​သည်။အန်ဒရီ ဘရီဗစ်ခ်သည် ​နော်​ဝေး​တွင် အပြစ်မဲ့​ပြည်သူ ၉၀ ​ကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့​ပြီး​​နောက် ၎င်း​အား​ ရုံး​တင် စစ်​ဆေး​ချိန်တွင် လန်ဒန်ရှိ Knights Templar Europe ကွန်ရက်တွင် ​လေ့​ကျင့်​မှုများ​ ပြုလုပ်ခဲ့​​ကြောင်း​ ထုတ်​ဖော် ​ပြောကြား​သွား​သည်။ ၎င်း​က ရစ်ချတ် အမည်ရှိ လူမျိုး​​ရေး​ မုန်း​တီး​မှု အစွန်း​​ရောက် ဗြိတိန်လူမျိုး​ တစ်ဦး​နှင့်​ ၂၀၀၂ ခုနှစ်တွင် ​တွေ့​ဆုံခဲ့​ပြီး​ ရစ်ချတ်၏ လွှမ်း​မိုး​မှုများ​ကို ခံခဲ့​ရ​ကြောင်း​ အန်ဒရီက ဖွင့်​ဟခဲ့​သည်။ ​

နော်​ဝေး​ရဲတပ်ဖွဲ့​သည် နိုင်ငံအတွင်း​ ​နောက်ထပ် လူမျိုး​​ရေး​နှင့်​ ဆက်စပ်​နေ​သော အကြမ်း​ဖက်မှုများ​ ​ပေါ်​ပေါက်လာမည်ကို စိုး​ရိမ်​နေသလို ဗြိတိန်ကလည်း​ အန်ဒရီနှင့်​ ဆက်စပ်​နေ​သော အဖွဲ့​အစည်း​၏ အန္တရာယ် ပြုလာနိုင်မည့်​ အ​ခြေအ​နေအ​ပေါ် စိုး​ရိမ်​နေသည်။ ​ရွှေ​ရောင်ဆံပင်၊ အပြာ​ရောင် မျက်လုံး​များ​နှင့်​ လူသတ်သမား​ အန်ဒရီသည် ဓာတ်​မြေဩဇာများ​ဖြင့်​ ဗုံး​တစ်လုံး​ ပြုလုပ်ကာ ​နော်​ဝေး​ ဝန်ကြီး​ချုပ်ရုံး​ကို ဦး​တည် တိုက်ခိုက်ခဲ့​သလို အာဏာရပါတီ၏ လူငယ် Campတစ်ခုတွင်လည်း​ ရမ်း​ကား​ ပစ်ခတ်ခဲ့​သည်။ ၎င်း​လက်ချက်​ကြောင့်​ လူ​ပေါင်း​ ၉၃ ဦး​ ​သေဆုံး​ခဲ့​ပြီး​ ၆၈ ဦး​မှာ လူငယ်​လေး​များ​ ဖြစ်​ကြောင်း​ သိရှိရသည်။

ထိုသို့​​သော အစွန်း​​ရောက် အကြမ်း​ဖက်သမား​များ​သည် လူအများ​ကို သတ်ဖြတ်ပြီး​ပါက ရဲများ​ကို ခုခံခြင်း​၊ မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံခြင်း​များ​ ပြုလုပ်တတ်​သော်လည်း​ အန်ဒရီကမူ လွယ်လွယ်ကူကူပင် အဖမ်း​ခံခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here