ဇနီး​နှင့်​ ​ဖောက်ပြန်သူအား​ သတ်ဖြတ်ပြီး​ လိင်အင်္ဂါကို ဖြတ်​တောက်ပစ်သည့်​ ​ဂျော်ဒန်သား​

alt

​ဂျော်ဒန်နိုင်ငံမှ အမျိုး​သား​ တစ်ဦး​သည် ၎င်း​၏ ဇနီး​နှင့်​ ​ဖောက်ပြန်​နေသူအား​ သတ်ဖြတ်ကာ လိင်အင်္ဂါကို ဖြတ်​တောက်ပစ်ခဲ့​​ကြောင်း​ သိရှိရသည်။

၎င်း​သည် ထိုခန္ဓာကိုယ် အစိတ်အပိုင်း​ကို အိတ်တစ်လုံး​ထဲတွင် ထည့်​ပြီး​​နောက် ရဲစခန်း​တွင် သွား​​ရောက် အဖမ်း​ခံခဲ့​သည်။ အမွန်မြို့​ရှိ ဟိုတယ်ခန်း​ တစ်ခုသို့​ ဇနီး​သည်၏ တိတ်တိတ်ပုန်း​ ချစ်သူကို ​ခေါ်​ဆောင်ပြီး​ အသက် ၃၅ နှစ်အရွယ် ထိုအမျိုး​သား​က ရက်ရက်စက်စက် စီရင်ခဲ့​ခြင်း​ဖြစ်သည်။

ရဲများ​က ထိုသူသည် မိမိတို့​၏ သုံး​ပွင့်​ဆိုင် ဇာတ်လမ်း​ကို တိုး​တိုး​တိတ်တိတ် ​ဖြေရှင်း​ရန်ဟု အ​ကြောင်း​ပြကာ တိတ်တိတ်ပုန်း​ ချစ်သူကို အဆိုပါ ဟိုတယ်သို့​ ချိန်း​ဆိုလိုက်ခြင်း​ဖြစ်သည်။ ဇူလိုင်လ ၂၃ ရက်​နေ့​က ထိုသူသည် အမျိုး​သား​ တစ်ဦး​၏ လိင်အင်္ဂါ ထည့်​ထား​​သော အိတ်တစ်လုံး​ဖြင့်​ ရဲစခန်း​သို့​ ​ရောက်ရှိလာ​ကြောင်း​ ရဲများ​က အတည်ပြုခဲ့​သည်။

ပြစ်မှုမှတ်တမ်း​​ဟောင်း​ရှိသူ တစ်ဦး​ဖြစ်​သော အဆိုပါ အမျိုး​သား​သည် အသက် ၂၇ နှစ်ရှိ ဇနီး​သည်နှင့်​ တိတ်တိတ်ပုန်း​ ချစ်သူတို့​ကို အိမ်​ထောင်​ရေး​ ​ဖောက်ပြန်မှုဖြင့်​ လွန်ခဲ့​​သော လအနည်း​ငယ်က တရား​စွဲဆိုထား​သည်။ သို့​​သော်လည်း​ တရား​ရုံး​က ထိုနှစ်ဦး​အား​ လွှတ်​ပေး​ရန် ဆုံး​ဖြတ်ခဲ့​ပြီး​​နောက် ယခုကဲ့​သို့​ ​ခြောက်ခြား​ဖွယ် ကိစ္စများ​ ဖြစ်​ပေါ်လာခြင်း​ဟု သိရသည်။ ရဲတပ်ဖွဲ့​မှ တာဝန်ရှိသူ တစ်ဦး​က အမျိုး​သမီး​၏ ခင်ပွန်း​သည် တရား​မျှတမှုအတွက် မိမိကိုယ်တိုင် စီရင်ရန် ဆုံး​ဖြတ်ခဲ့​ခြင်း​ဟု ထွက်ဆိုခဲ့​​ကြောင်း​ ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here