အရပ်ရှည်သူများ​ ကင်ဆာ​ရောဂါ ပိုဖြစ်နိုင်ဟုဆို

alt

ပျမ်း​မျှအား​ဖြင့်​ အရပ်ရှည်သူများ​သည် ကင်ဆာ​ရောဂါ ရရှိရန် ပိုမို နီး​စပ်​ကြောင်း​ သု​တေသီများ​က ​ပြောကြား​လိုက်သည်။

ပျမ်း​မျှ အရပ် ၁၀ စင်တီမီတာ မြင့်​လာတိုင်း​ ကင်ဆာ​ရောဂါ ဖြစ်နိုင်​ခြေ ၁၆ ရာခိုင်နှုန်း​ တိုး​လာသည်ဟု သိရသည်။ ပညာရှင်များ​က အဆိုပါ သက်​ရောက်မှုသည် အမျိုး​သား​​ရော၊ အမျိုး​သမီး​ပါ ဖြစ်နိုင်​ကြောင်း​ ​ပြောဆိုခဲ့​သည်။ Telegraph သတင်း​စာက လန်ကက် ကင်ဆာကြိတ်များ​ ​လေ့​လာမှုဌာနမှ ​ဒေါက်တာ ဂျိန်း​ဂရင်း​နှင့်​ သူမ၏ လုပ်​ဖော်ကိုင်ဖက်များ​သည် အရပ်မြင့်​ခြင်း​နှင့်​ ကင်ဆာ​ရောဂါ ဖြစ်နိုင်​ခြေတို့​ တိုက်ရိုက် ဆက်နွယ်​နေခြင်း​ကို ​ဖော်ထုတ်နိုင်ခဲ့​​ကြောင်း​ ​ရေး​သား​ခဲ့​သည်။

ဥ​ရောပတွင် အရွယ်​ရောက်သူများ​သည် ပျမ်း​မျှ ဆယ်စုနှစ် တစ်ခုတိုင်း​ တစ် စင်တီမီတာမျှ ရှည်ထွက်လာခဲ့​ရာ ၂၀ ရာစုတွင် လွန်ခဲ့​​သော နှစ်​ပေါင်း​ ၁၅၀ ​ကျော်ထက် ကင်ဆာ​ရောဂါ ဖြစ်နိုင်​ခြေ ၁၅ ရာခိုင်နှုန်း​မျှ မြင့်​တက်​နေ​ကြောင်း​ ​ဒေါက်တာဂျိန်း​၏ အဆိုကို ကိုး​ကား​ပြီး​ Telegraphက ​ဖော်ပြခဲ့​သည်။

သို့​​သော်လည်း​ လူအများ​စုသည် သာမန် စံနှုန်း​ သတ်မှတ်မှုထက် အလွန်အရပ်ပိုမြင့်​ခြင်း​ မရှိသည့်​အတွက် ကြီး​ကြီး​မား​မား​ စိုး​ရိမ်ရန် မလိုအပ်​ကြောင်း​ ဗြိတိန် ကင်ဆာ သု​တေသန ဌာနမှ ​ဒေါက်တာ ဆာရာဟိုရင်က ​ပြောကြား​ခဲ့​သည်။ အရပ်မြင့်​ခြင်း​က ကင်ဆာအ​ပေါ် သက်​ရောက်မှုရှိသည် ဆို​သော်လည်း​ အခြား​​သော စံနှုန်း​များ​၏ သက်​ရောက်မှုနှင့်​ ယှဥ်ပါက ​ပြောပ​လောက်​အောင် မကြီး​မား​​ကြောင်း​ ​ဒေါက်တာ ဆာရာက ရှင်း​ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here