သမီး​ရင်း​ကို မုဒိမ်း​ကျင့်​သည့်​ ဖခင်အား​ ပါကစ္စတန်တရား​ရုံး​က ​သေဒဏ်ချမှတ်

alt

သမီး​ရင်း​ကို မုဒိမ်း​ကျင့်​ခဲ့​​သော ဖခင်တစ်ဦး​အား​ ပါကစ္စတန် တရား​ရုံး​ တစ်ခုက ​သေဒဏ် ချမှတ်လိုက်​ကြောင်း​ သိရသည်။

ခါလစ်အမင်သည် အသက် ၁၅ နှစ်အရွယ် သမီး​အား​ မုဒိမ်း​ကျင့်​ခဲ့​​ကြောင်း​ စွဲချက်အတွက် ပြစ်မှုထင်ရှား​သည့်​အတွက် ယခုစီရင်ချက်ကို ချမှတ်​ကြောင်း​ တရား​သူကြီး​ တာဟီခန် ဇီယာဇီက အတည်ပြုခဲ့​သည်။ အမင်သည် ဇနီး​​ဟောင်း​ ပါဗင်ဘီဘီနှင့်​ ကွာရှင်း​ပြီး​​နောက် သမီး​ဖြစ်သူအား​ အုပ်ထိန်း​ထား​ခဲ့​သည်။

၂၀၀၈ ခုနှစ်က အမင်နှင့်​ ကွာရှင်း​ခဲ့​​သော ဘီဘီက သူမ၏ ခင်ပွန်း​​ဟောင်း​သည် ၂၀၀၉ ခုနှစ်အတွင်း​ သမီး​ဖြစ်သူအား​ မုဒိမ်း​ကျင့်​ခဲ့​​ကြောင်း​ လာဟိုး​မြို့​ တရား​ရုံး​တွင် ပထမဆုံး​အကြိမ် စွဲချက်တင်ပြီး​​နောက် ယင်း​အမှုကို ကြား​နာ စစ်​ဆေး​ခဲ့​ခြင်း​ဖြစ်သည်။ မိန်း​က​လေး​ကလည်း​ ဖခင်ဖြစ်သူသည် သူမအား​ တစ်လလျင် အနည်း​ဆုံး​ တစ်ကြိမ်မျှ မုဒိမ်း​ကျင့်​ခဲ့​​ကြောင်း​ တရား​ရုံး​တွင် ထွက်ဆိုသွား​သည်။

မိန်း​က​လေး​က ထိုကိစ္စကို တစ်ဦး​ဦး​ထံ ​ပြောပြပါက သူမ၏ ​မောင်များ​ကို သတ်ပစ်မည်ဟု ဖခင်က ခြိမ်း​​ခြောက်ထား​​ကြောင်း​လည်း​ မိန်း​က​လေး​က ​ပြောကြား​ခဲ့​သည်။ အမင်နှင့်​ ဘီဘီတို့​တွင် သား​ ၄ ဦး​နှင့်​ သမီး​ ၂ ဦး​တို့​ ရှိ​နေသည်။ မိန်း​က​လေး​သည် သူမ၏ ဝမ်း​ကွဲညီအစ်မများ​ထံ ဖခင်ဖြစ်သူ၏ ယုတ်မာမှုကို ဖွင့်​ဟခဲ့​ပြီး​​နောက် ထိုမှတဆင့်​ ဘီဘီက သိရှိလာခြင်း​ဖြစ်သည်။ ဘီဘီသည် သမီး​အား​ ​ခေါ်ယူ စုံစမ်း​ပြီး​​နောက် မိန်း​က​လေး​က ဖခင်၏ ကာမဘီလူး​ လုပ်ရပ်ကို ဖွင့်​ဟ ဝန်ခံခဲ့​ခြင်း​ဖြစ်သည်။

အမင်အား​ ​နောက်ဆုံး​စီရင်ချက် မချမီ တရား​ရုံး​သို့​ ​ခေါ်ယူလာစဥ် ၎င်း​အား​ ရွံရှာ​နေသူများ​က တိုက်ခိုက်ရန်ပြုရန် ကြိုး​စား​ခဲ့​​သေး​ရာ ရဲများ​က အကာအကွယ် ​ပေး​ခဲ့​ရသည်။ တရား​ရုံး​က အမင်အား​ ​သေဒဏ်ချမှတ်လိုက်​ကြောင်း​ သိရှိချိန်တွင် ထိုသူများ​က ၎င်း​ကဲ့​သို့​ ယုတ်ညံ့​သူ တစ်ဦး​အား​ လူအများ​အလယ်တွင် ဆွဲကြိုး​ချ သတ်ပစ်သင့်​​ကြောင်း​ ​အော်ဟစ်ခဲ့​သည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here