​အေမီဝိုင်း​​ဟောက်စ် ​သေဆုံး​​တော့​မည်ကို ကြိုတင်ခန့်​မှန်း​နိုင်ခဲ့​​ကြောင်း​ မိခင်ဖြစ်သူ​ပြောကြား​

alt

မိမိ၏ သမီး​ဖြစ်သူ မကြာခင် ​သေဆုံး​​တော့​မည်ဟု ကြိုတင် ခန့်​မှန်း​နိုင်ခဲ့​​ကြောင်း​ အမ်မီဝိုင်း​​ဟောက်စ်၏ မိခင်က ​ကြေ​ကြေကွဲကွဲ ​ပြောကြား​ခဲ့​သည်။

ဗြိတိသျှ နာမည်​ကျော် ဂရမ်မီဆုရှင် အဆို​တော်သည် အသက် ၂၇ နှစ် အရွယ်တွင် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ကွယ်လွန်ခဲ့​သည်။ အမ်မီ၏ မိခင်ဖြစ်သူ ဂျန်း​နစ်က ယခုကိစ္စသည် ဖြစ်ချိန်တန်၍ ဖြစ်ခဲ့​ ခြင်း​ဟု ဝန်ခံ​ပြောဆိုသွား​သည်။ အမ်မီသည် အရက်နှင့်​ မူး​ယစ်​ဆေး​ဝါး​များ​ အလွန်အကျွံ စွဲလန်း​​နေမှု နွံထဲမှ ရုန်း​မထွက်နိုင်ခဲ့​သည်မှာ ရင်နာစရာ ​ကောင်း​လွန်း​​ကြောင်း​ ဂျန်း​နစ်က ​ပြောဆိုသွား​သည်။

အမ်မီသည် ယခင်ကတည်း​က ​သေမိန့်​ချခံရပြီး​သကဲ့​သို့​ ဖြစ်​နေ​ကြောင်း​၊ အမ်မီ၏ မူး​ယစ်​ဆေး​ဝါး​ သုံး​စွဲ​နေမှုများ​သည် သူမကိုယ်ကိုယ် သင်္ချိုင်း​​ မြေတွင် အရှင်လတ်လတ် မြှုပ်နှံ​နေသလို ဖြစ်ခဲ့​​ကြောင်း​ မိခင်ဖြစ်သူက ဝမ်း​နည်း​ပက်လက် ​ပြောကြား​ခဲ့​သည်။ အမ်မီသည် မ​သေမီ ၂၄ နာရီအတွင်း​ မိခင်နှင့်​ ​တွေ့​ဆုံခဲ့​​သေး​ သည်။

သူမသည် ဇူလိုင်လ ၂၃ ရက်​နေ့​က ကွယ်လွန်ခဲ့​ခြင်း​ဖြစ်သည်။ ဂျန်း​နစ်က ဇူလိုင်လ ၂၂ ရက်​နေ့​တွင် သမီး​ဖြစ်သူနှင့်​ ​တွေ့​ဆုံခဲ့​မှုသည် ​နောက်ဆုံး​အကြိမ် ဖြစ်လာမည်ဟု ကြိုတင် မသိခဲ့​သည့်​အတွက် ဝမ်း​နည်း​မိ​ကြောင်း​လည်း​ ဝန်ခံခဲ့​သည်။ သမီး​ဖြစ်သူသည် တံခါး​ဝတွင် သူမ၏ ပါး​ကို နမ်း​ရင်း​ နှုတ်ဆက်သွား​​သေး​​ကြောင်း​ ဂျန်း​ နစ်ကဆိုသည်။

ထို့​အပြင် “​မေ​မေ့​ကို ချစ်တယ်”ဟု အမ်မီက ​ပြောသွား​​သေး​​ကြောင်း​လည်း​ သိရသည်။ ဂျန်း​နစ်က “သူ့​ရဲ့​ ​နောက်ဆုံး​ စကား​ဟာ ကျွန်မအတွက် အမြဲတမ်း​ တန်ဖိုး​ထား​ အမှတ်ရစရာ ဖြစ်​နေမှာပါ”ဟု ​ကြေကွဲစွာနှင့်​ ​ပြောကြား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here