ရုပ်မြင်သံကြား​​ Reality Show တွင် မစ်ချယ်လ်အိုဘား​​မား​​ ပါဝင်မည်

alt

အ​​မေရိကန် သမ္မတ ဘာရတ် အိုဘား​​မား​​၏ ဇနီး​​ဖြစ်သူ မစ်ချယ် အိုဘား​​မား​​သည် ယခုအခါ ရုပ်မြင်သံကြား​​ Reality Showတစ်ခုတွင် ပါဝင်ရန် စီစဉ်​​နေ​​ကြောင်း​​ သိရသည်။

မစ်ချယ်လ်အ​​နေနှင့်​​ သမ္မတက​​တော်၏ တာဝန်များ​​အပြင် ပြည်သူများ​​နှင့်​​ ပိုမိုထိ​​တွေ့​​နိုင်မည့်​​ စိတ်ကူး​​သစ် တစ်ခုကို အ​​ကောင်အထည်​​ဖော်ရန် ပြင်ဆင်လျက် ရှိ​​နေသည်။ ABC၏ Extreme Makeover. Home Editionတွင် မစ်ချယ်က ပါဝင်ရန် ပြင်ဆင်​​နေခြင်း​​ဖြစ်သည်။ အဆိုပါ Showကို ​​အောက်တိုဘာလတွင် ပြသမည်ဖြစ်ရာ အသက် ၄၇ နှစ်ရှိ မစ်ချယ်သည် Showတွင် ပါဝင်ရန် ​​မြောက်ပိုင်း​​ ကာရိုလိုင်း​​နား​​ရှိ ​​ဖေယက်ဗီလီသို့​​ သွား​​​ရောက်ခဲ့​​သည်။

သူမ၏ Showအစီအစဉ်တွင် ပါဝင်မှုသည် အိမ်​​ခြေရာမဲ့​​ အမျိုး​​သမီး​​များ​​အတွက် ​​စောင့်​​​ရှောက်မှုများ​​ ပြုလုပ်​​ပေး​​​နေသည့်​​ လူမှု​​ရေး​​ အဖွဲ့​​အစည်း​​များ​​ကို ရန်ပုံ​​ငွေ တိုး​​မြှင့်​​​ပေး​​နိုင်မည်ဟု ​​မျှော်လင့်​​​ကြောင်း​​လည်း​​ မစ်ချယ်ကဆိုသည်။ လက်ရှိတွင် မစ်ချယ်သည် သဘာဝ ပတ်ဝန်း​​ကျင်နှင့်​​ ကိုက်ညီ​​သော ​​ဂေဟာသစ် တစ်ခုနှင့်​​ က​​လေး​​ကစား​​ကွင်း​​တစ်ခု ​​ဆောက်လုပ်​​ရေး​​တွင် အကူအညီ​​ပေး​​ရန် စီစဉ်လျက်ရှိ​​ကြောင်း​​ အိမ်ဖြူ​​တော်က ​​ပြောကြား​​ခဲ့​​သည်။

သူမသည် စစ်မှုထမ်း​​​ဟောင်း​​များ​​ကို ကူညီ​​စောင့်​​​ရှောက်ရန် ​​ဒေါက်တာ ​​ဂျေး​​ဘိုင်ဒန် တည်​​ထောင်ထား​​သည့်​​ Joining Forces လူမှု​​ရေး​​ အဖွဲ့​​သို့​​ အလည်အပတ် လာ​​ရောက်ရန်လည်း​​ ဖိတ်ကြား​​ခြင်း​​ ခံထား​​ရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here