ကား​​​မောင်း​​သင်သည့်​​ ဗြိတိန်ဆယ်​​ကျော်သက် မိခင်ဖြစ်သူအား​​ ကား​​ဖြင့်​​တိုက်သတ်မိ

alt

ဗြိတိန်နိုင်ငံတွင် အသက် ၁၇ နှစ်အရွယ် မိန်း​​က​​လေး​​ တစ်ဦး​​သည် ကား​​​မောင်း​​သင်ရင်း​​ မိခင်ဖြစ်သူအား​​ ကား​​ဖြင့်​​ တက်ကြိတ်မိခဲ့​​​ကြောင်း​​ သိရသည်။

သူမသည် ကား​​​နောက်ဆုတ်မှုကို သင်ယူ​​နေစဉ် မိခင်အား​​ မ​​တော်တဆ သတ်ဖြတ်မိခဲ့​​ခြင်း​​ဖြစ်သည်။ Sky Newsက အသက် ၄၁ နှစ်ရှိ ဆူး​​ဒူကီသည် သမီး​​ဖြစ်သူ ​​လော်ရန်အား​​ ကား​​​နောက်ဆုတ်ရန် အချက်​​ပေး​​ ကူညီ​​နေစဉ် ကား​​ကြိတ်ခံခဲ့​​ရခြင်း​​ဟု ​​ဖော်ပြခဲ့​​သည်။ ဆူး​​သည် သူမ အလုပ်လုပ်​​နေသည့်​​ ကလပ်တစ်ခုမှ ကား​​ပါကင်တွင် သမီး​​အား​​ ယာဉ်​​မောင်း​​ သင်​​ပေး​​​နေခြင်း​​ဖြစ်သည်။ မိခင်ဖြစ်သူသည် အခြား​​ ကား​​တစ်စင်း​​နှင့်​​လည်း​​ ညပ်မိ​​နေခဲ့​​သည်။

မျက်မြင်တစ်ဦး​​က မိမိတို့​​သည် ဆူး​​အား​​ ကား​​ဖြင့်​​တိုက်မိသည်ကို သတိမပြုမိ​​ကြောင်း​​၊​ ကား​​တွင် ထိခိုက်မှု ရှိမရှိကိုသာ စစ်​​ဆေး​​ခဲ့​​ပြီး​​ ​​နောက်မှ ​​သွေး​​အိုင်ထဲ လဲ​​နေသည့်​​ အမျိုး​​သမီး​​ကို မြင်ခဲ့​​ခြင်း​​ဖြစ်​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ ဆူး​​သည် ဦး​​​ခေါင်း​​တွင် ဆိုး​​ဆိုး​​ရွား​​ရွား​​ ထိခိုက်ထား​​ပြီး​​ ​​သွေး​​အလူး​​လူး​​ ဖြစ်​​နေခဲ့​​သည်ဟု ဆိုသည်။ သမီး​​ဖြစ်သူ ​​လော်ရန်သည် အလွန်ထိတ်လန့်​​စွာ စူး​​စူး​​ဝါး​​ဝါး​​ ​​အော်ဟစ်​​နေခဲ့​​သည်။ ​​ဘေး​​လူများ​​က သူမအား​​ နှစ်သိမ့်​​​သော်လည်း​​ မိန်း​​က​​လေး​​မှာ အလွန် တုန်လှုပ်​​နေခဲ့​​သည်။

ဆူး​​ကို ​​ဆေး​​ရုံသို့​​ တင်ပို့​​ခဲ့​​​သော်လည်း​​ ဒဏ်ရာများ​​ ပြင်း​​ထန်လွန်း​​ခြင်း​​​ကြောင့်​​ ဆရာဝန်များ​​က လက်​​လျှော့​​ခဲ့​​ရသည်။ ဆူး​​သည် မိသား​​စုများ​​ ​​စောင့်​​ကြည့်​​​နေစဉ် ​​ဆေး​​ရုံ​​ပေါ်တွင်ပင် ​​သေဆုံး​​သွား​​ခဲ့​​​ကြောင်း​​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here