စစ်ရာဇဝတ်မှု ကျူး​​လွန်သူအများ​​အပြား​ က​​နေဒါတွင် ခို​​အောင်း​​​နေ

alt

စစ်ရာဇဝတ်မှုများ​​​ကြောင့်​​ အလိုရှိခြင်း​​ ခံ​​နေရသူ သံသယတရား​​ခံ အ​​ယောက် ၃၀ မျှသည် က​​နေဒါ နိုင်ငံအတွင်း​​ ခို​​အောင်း​​​နေ​​ကြောင်း​​ အစိုး​​ရက ​​ကြေညာခဲ့​​သည်။

ဝန်ကြီး​​ချုပ် စတီဖင် ဟာပါး​​၏ အစိုး​​ရသည် အ​​ရှေ့​​အလယ်ပိုင်း​​၊​ အာဖရိကနှင့်​​ လက်တင် အ​​မေရိက နိုင်ငံများ​​အတွင်း​​ စစ်ရာဇဝတ်မှုများ​​ ကျူး​​လွန်ခဲ့​​သည့်​​ နာမည်ဆိုး​​ဖြင့်​​ ​​ကျော်ကြား​​​သော စစ်​​ခေါင်း​​​ဆောင်​​ဟောင်း​​များ​​သည် မိမိတို့​​ နိုင်ငံအတွင်း​​ လာ​​ရောက် ခို​​အောင်း​​​နေ​​ကြောင်း​​ ဝန်ခံခဲ့​​သည်။ ပြည်သူ့​​ လုံခြံု​​ရေး​​ ဝန်ကြီး​​ ဗစ်တိုဝက်စ်က ထိုစစ်ရာဇဝတ်​​ကောင်များ​​ကို ​​ခြေရာခံ ရှာ​​ဖွေပြီး​​ နိုင်ငံအတွင်း​​မှ ဖယ်ထုတ်သင့်​​​ကြောင်း​​ သုံး​​သပ် ​​ပြောဆိုခဲ့​​သည်။

ဝန်ကြီး​​ဌာနပိုင် ဝက်ဘ်ဆိုက်တွင် နိုင်ငံအတွင်း​​ ​​ရောက်ရှိ​​နေ​​သော စစ်ရာဇဝတ်​​ကောင်များ​​သည် အာဖဂန်နစ္စတန်၊​ အယ်လ်ဂျီး​​ရီး​​ယား​​၊​ အန်ဂိုလာ၊​ အယ်လ်ဆာ​​ဗေး​​ဒိုး​​၊​ ဂါနာ၊​ ဂွာတီမာလာ၊​ ​​ဟေတီ၊​ ဟွန်း​​ဒူး​​ရပ်စ်၊​ အီရတ်၊​ နိုက်ဂျီး​​ရီး​​ယား​​၊​ ပါကစ္စတန်၊​ ပီရူး​​၊​ ကွန်ဂို၊​ ဆိုမာလီယာ၊​ သီရိလင်္ကာ၊​ ဆူဒန်နှင့်​​ ယခင် ယူဂိုဆလား​​ဗီး​​ယား​​ ပြည်​​ထောင်စုတို့​​မှ ဖြစ်ကြ​​ကြောင်း​​လည်း​​ ​​ဖော်ပြထား​​သည်။

က​​နေဒါသည် နိုင်ငံအတွင်း​​ ​​ရောက်ရှိ​​နေသူ ၁၈၀၀ မျှ၏ သံသယဖြစ်ဖွယ် ပတ်စ်ပို့​​များ​​နှင့်​​ ပတ်သက်ပြီး​​ ပြန်လည် စီစစ်သွား​​ရန် စဉ်း​​စား​​​နေ​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here