ကု​​ဋေ​ရှစ်ဆယ် သူ​​ဋ္ဌေး​​သား​​၊​ စစ်​အာဏာရှင်​နှင့်​​ ​​သွေ့​​​ခြောက်​​လာ​​သော ပျား​​ရည်​မြစ်

သရုပ်​​ဖေါ်ပုံ © ​​ဇောင်း​​

ဒုတိယ ကမ္ဘာစစ်ကြီး​​ပြီး​​သည့်​​​နောက်

ကမ္ဘာ့​​နိုင်ငံများ​​စွာတို့​​သည် စစ်၏ အထု​​ထောင်း​​ဒါဏ်​​ကြောင့်​​ ဆင်း​​ရဲမွဲ​​တေခဲ့​​ကြရသည်။ စစ်နိုင်သည့်​​ နိုင်ငံများ​​ပင်လျှင်စစ်စရိတ်ပိ၍ စီး​​ပွား​​ကျဆင်း​​ခဲ့​​ရ၏။ စစ်ရှံုး​​နိုင်ငံများ​​မှာမူ ​​ပြောဖွယ်မရှိ​​တော့​​။ အီတလီ၊​ ဂျာမနီ နှင့်​​ ဂျပန်နိုင်ငံတို့​​သည် ပြာပုံထဲမှ ထိုး​​ထွက် ကြိုး​​စား​​လုပ်ကိုင်ခဲ့​​ကြသည်မှာ ယခုအခါ တိုး​​တက်ဖွံ့​​ဖြိုး​​ပြီး​​နိုင်ငံများ​​ အဆင့်​​သို့​​​ရောက်ရှိ၍ ​​ကောင်း​​ကျိုး​​ချမ်း​​သာကို ခံစား​​​နေကြရပြီ။ လွန်စွာ ချီး​​မွမ်း​​ဖွယ်​​ကောင်း​​၏။ အား​​ကျအတုယူစရာလည်း​​ဖြစ်၏။ ကမ္ဘာ့​​​မြေပုံတွင် အစက်​​ပျောက် အရွယ်သာရှိပြီး​​ သယံဇာတနတ္ထိနှင့်​​ ​​သောက်သုံး​​​ရေပင်မလုံ​​လောက်​​သော စင်္က​ာပူနိုင်ငံသည်ပင်လျှင် သင့်​​​လျှော်​​သော အုပ်ချုပ်မှုစနစ်နှင့်​​ အ​​မျှော်အမြင်ရှိ​​သော ​​ခေါင်း​​​ဆောင်မှုဖြင့်​​ ချမ်း​​သာကြီး​​ပွား​​လျှက်ရှိ​​နေ​​ပေပြီ။

ကျွန်ုပ်တို့​​နိုင်ငံ ​​လျှောက်ခဲ့​​ ​​လျှောက်​​နေဆဲ လမ်း​​ကား​​အဆိုပါ နိုင်ငံများ​​နှင့်​​ ဆန့်​​ကျင်ဘက်လား​​ရာဖြစ်၏။ ​​ရွှေဘုံမှပြာဘုံသို့​​ ခုန်ဆင်း​​ခဲ့​​၏။ သယံဇာတ လွန်စွာဝ​​ပြောလျှက် တစ်ချိန်က အာရှစပါး​​ကျီဖြစ်ခဲ့​​ဘူး​​​သော တခါက အ​​ရှေ့​​​တောင်အာရှနိုင်ငံများ​​ အား​​ကျအတူယူခဲ့​​ရ​​သော မြန်မာနိုင်ငံသည် သွက်သွက်ခါ မှား​​ယွင်း​​​သော စစ်အုပ်ချုပ်​​ရေး​​စနစ်​​အောက်တွင် အဖက်ဖက်မှ ယိုယွင်း​​နိမ့်​​ကျခဲ့​​ရပြီ။ ကမ္ဘာ့​​ကုလသမဂ္ဂအဖွဲ့​​ကြီး​​၏ ၂၀၁ဝခုနှစ် လူသား​​ဖွံ့​​ဖြိုး​​မှုညွန်း​​ကိန်း​​အဆင့်​​ ၁၃၂တွင်ရှိ၏။ အိမ်နီး​​ချင်း​​ ဘင်္ဂ​လား​​​ဒေ့​​ချ်နိုင်ငံ​​အောက်တွင်ရှိပြီး​​ ဖွံ့​​ဖြိုး​​မှုအနည်း​​ဆုံး​​နိုင်ငံများ​​ အုပ်စုတွင် လွန်စွာဆင်း​​ရဲမွဲ​​တေ​​သော အာဖရိကန်နိုင်ငံများ​​နှင့်​​ မတိမ်း​​မယိမ်း​​ ​​နေရာတွင်​​ရောက်​​နေခဲ့​​ပြီ။ အဆိုပါ နိုင်ငံအများ​​စု၏ ဘုံတူညီချက်မှာ အာဏာရှင်အုပ်ချူပ်​​ရေး​​နှင့်​​ ပြည်တွင်း​​ ငြိမ်း​​ချမ်း​​​ရေး​​မရှိခြင်း​​ပင်ဖြစ်၏။ မတူညီသည့်​​ အချက်များ​​မှာ ယင်း​​နိုင်ငံတို့​​တွင် သဘာဝ အရင်း​​အမြစ်များ​​မဲ့​​၍ ဆိုး​​ရွား​​ပြင်း​​ထန်သည့်​​ ရာသီဥတုဒဏ်ခံစား​​​နေရ​​သော်လည်း​​ ကျွန်ုပ်တို့​​ နိုင်ငံမှာမူ အရင်း​​အမြစ်များ​​အား​​လုံး​​ရှိ​​နေခြင်း​​ပင်ဖြစ်၏။

​ရွှေဝါပြည်(Golden Land)ဟု တင်စား​​ရ​​လောက်​​အောင် ကျွန်ုပ်တို့​​နိုင်ငံသည် ​​အောက်ပါ​​ကောင်း​​​မွေများ​​စွာပိုင်ဆိုင်၏။

  • (၁) ဖွံ့​​ဖြိုး​​တိုး​​တက်ရန် လုံ​​လောက်​​သော နယ်နိမိတ်အကျယ်အဝန်း​​ပိုင်ဆိုင်၏။
  • (၂) ကိုယ်ပိုင်စာ​​ပေ၊​ ယဉ်​​ကျေး​​မှုတို့​​ဖြင့်​​ ကြံ့​​ခိုင်​​တောင်း​​တင်း​​​သော လူသား​​အရင်း​​အမြစ်များ​​လဲရှိ၏။
  • (၃) ရိုး​​ကြီး​​သုံး​​ရိုး​​၊​ မြစ်ကြီး​​သုံး​​စင် အပါအဝင်လှပ အသုံး​​ဝင်​​သော ​​တော​​တောင်​​ရေ​​မြေတို့​​လည်း​​ရှိ၏။
  • (၄) မျှတ​​သော ရာသီဥတုသုံး​​ပါး​​လဲရှိ၏။
  • (၅) ကမ္ဘာ့​​အ​​ကောင်း​​ဆုံး​​ ​​ကျောက်စိမ်း​​​ကျောများ​​လဲရှိ၏။
  • (၆) ကမ္ဘာ​​ကျော် ပတ္တမြား​​နှင့်​​ရတနာမျိုး​​စုံလဲရှိ၏။
  • (၇) ကမ္ဘာ့​​အ​​ကောင်း​​ဆုံး​​ ကျွန်သစ်များ​​လည်း​​ ​​ပေါက်​​ရောက်ရာဖြစ်၏။
  • (၈) ကမ္ဘာ​​ကျော် ပုလဲများ​​ကို မြန်မာ့​​​ရေပိုင်နက်မှာ ​​တွေ့​​ရ၏။
  • (၉) ​​ရေနံနှင့်​​ ဘသာဝဓာတ်​​ငွေ့​​သိုက်များ​​လဲရှိ၏။
  • (၁၀) ​​ရွှေ​​ငွေမှစ၍ သတ္ထှုမျိုး​​စုံလည်း​​ထွက်၏။
  • (၁၁) ငါး​​ပုဇွန် အစရှိသည့်​​ ​​ရေထွက်ပစ္စည်း​​များ​​စွာလဲရှိ၏။
  • (၁၂) ပင်လယ်ကူး​​ ​​ရေနက်ဆိပ်ကမ်း​​များ​​တည်​​ဆောက်ရန်လည်း​​ သင့်​​​တော်ပြီး​​ ပထဝီဝင် နိုင်ငံ​​ရေး​​အရ ဗျူဟာကျ​​သော တည်​​နေရာလည်း​​ဖြစ်။

အဆိုပါ ​​ကောင်း​​ခြင်း​​များ​​နှင့်​​ အား​​သာချက်တို့​​သည် သဘာဝတရား​​ကြီး​​မှ ကျွန်ုပ်တို့​​နိုင်ငံကို ​​ပေး​​အပ်ထား​​​သော လက်​​ဆောင်မွန်များ​​ဖြစ်ကြသည်။ ၎င်း​တို့​​သည် နိုင်ငံအ​​မွေအနစ်၊​ ပြည်သူပြည်သား​​ အား​​လုံး​​၏ အ​​မွေဖြစ်၏။ တစ်ဦး​​တစ်​​ယောက် တစ်စုတစ်ဖွဲ့​​ပိုင်မဟုတ်။ ၎င်း​တို့​​သည် ထာဝရသုံး​​မကုန်​​အောင်ရှိသည်မဟုတ်။ အကျိုး​​ရှိစွာ မထိမ်း​​မသိမ်း​​တတ်လျှင် ဆင်ခြင်တုံတရား​​မဲ့​​ ယခုကဲ့​​သို့​​ ထုတ်ယူသုံး​​စွဲ​​နေပါက တစ်ချိန်ချိန် ကုန်ဆုံး​​သွား​​​ပေလိမ့်​​မည်။

အဆိုပါအ​​မွေအနစ်များ​​​ကြောင့်​​ လွတ်လပ်​​ရေး​​ရပြီး​​​ခေတ်မှသည် စစ်အာဏာရှင်​​ခေတ်ဦး​​တိုင် ကျွန်ုပ်တို့​​နိုင်ငံသည် ကြွယ်ဝချမ်း​​သာ​​သေး​​၏။ ဆီ​​ရေချိုး​​၊​ ​​ဆေး​​ရိုး​​မီး​​လှံု စပါး​​​တောင်လိုပုံခဲ့​​ကြ၏။ ထမင်း​​ရည်​​ချောင်း​​စီး​​ ​​မောင်း​​တီး​​၍ လှူကြ၏။ အိမ်ဆူး​​ဆို့​​ က​​လေး​​လက်တို့​​ ​​ခွေး​​အို့​​အို့​​ ဆိုသည့်​​စကား​​တွင်ရ​​လောက်​​အောင် ရွာလုံး​​ကျွတ်မီး​​ခိုး​​တိတ်​​ကျွေး​​ကြ၊​ လှူဒါန်း​​နိုင်ကြ၏။ ဗမာကျပ်​​ငွေတန်ဘိုး​​ခိုင်မာ၍ ဝင်​​ငွေ​​ကောင်း​​ကြသလို အပိုအလျှံ စု​​ဆောင်း​​နိုင်ကြ၏။ ​​ရွှေဝယ်စုနိုင်ကြ၏။ သံဃာ​​တော်များ​​လည်း​​ ဆွမ်း​​ကွမ်း​​ဖူလုံပြည့်​​စုံကြ၍ ရဟန်း​​တရား​​ကို ​​အေး​​ချမ်း​​စွာ ကျင့်​​ကြံအား​​ထုတ်နိုင်ကြ၏။

ယ​​နေ့​​ကျွန်ုပ်တို့​​ နိုင်ငံ၏အ​​ခြေ​​နေကား​​ အား​​လုံး​​သိကြသည့်​​အတိုင်း​​ အဖက်ဖက်မှာ ယုတ်​​လျော့​​ နိမ့်​​ကျ​​နေခဲ့​​ပြီ။ လယ်ယာ​​မြေများ​​လည်း​​ ​​မြေဆီ​​မြေသား​​ ခမ်း​​​ခြောက်၍ အထွက်နှုန်း​​ကျ​​နေကြပြီ။ မြစ်​​ချောင်း​​အင်း​​အိုင်များ​​ ​​ကောလာ​​နေ၏။ သစ်​​တောကြီး​​များ​​ ထိတ်လန့်​​ဖွယ်ရာ ပြုန်း​​တီး​​​နေခဲ့​​ပြီ။ ​​ရေနံနှင့်​​သဘာဝဓာတ်​​ငွေ့​​များ​​ ​​ကျောက်မျက်ရတနာတို့​​လည်း​​ ​​လျော့​​ပါး​​လာ​​နေပြီ။ တချိန်ချိန်တွင် ဂိတ်ဆုံး​​အမှတ်သုံ့​​ ​​ရောက်လာ​​ပေလိမ့်​​မည်။ တနည်း​​အား​​ဖြင့်​​ဆို​​သော် ချိုမြိန်​​သော ပျား​​ရည်မြစ်တို့​​ကား​​ ​​သွေ့​​​ခြောက်လာ​​နေ​​ပေပြီ။ ​​လောဘသား​​တို့​​ ပရမ်း​​ပတာ ခူး​​ဆွတ်မှု​​ကြောင့်​​ ကွယ်ပခဲ့​​ရ​​သော ကမ္ဘာဦး​​က ပ​​ဒေသာပင်များ​​ ပုံပြင်ပမာတည်း​​။

ထို့​​​ကြောင့်​​ ဤ​​နေရာမှ​​နေ၍ တိုင်း​​ရင်း​​သား​​ ရဟန်း​​ရှင်လူပြည်သူအ​​ပေါင်း​​များ​​စွာအား​​ ​​ခေတ်အဆက်ဆက်သတ်ဖြတ်၊​ ညှင်း​​ဆဲခဲ့​​ကြကုန်​​သော၊​ မိသား​​စု ဘဝသန်း​​​ပေါင်း​​များ​​စွာကို ဖျက်ဆီး​​ခဲ့​​ကြ​​သော စစ်အာဏာရှင်နှင့်​​ အ​​ပေါင်း​​အ​​ဖော်တို့​​အား​​၎င်း​၊​ ကား​​တစ်စီး​​၊​ ​​မြေတစ်ကွက်၊​ ဖုန်း​​တစ်လုံး​​အတွက် ကိုယ်ကျင့်​​တရား​​ကို လွှင့်​​ပစ်ခဲ့​​ကြ​​သော ကပ်ပါး​​​မျောက်တို့​​အား​​၎င်း​၊​ မသမာ​​သောနည်း​​မျိုး​​စုံဖြင့်​​ အာဏာရှင်တို့​​နှင့်​​ ​​ပေါင်း​​သင်း​​ကာ တိုင်း​​ပြည်ဘဏ္ဍာ၊​ သူတစ်ပါး​​စည်း​​စိမ်ဥစ္စာတို့​​ဖြင့်​​ ချမ်း​​သာ​​နေကြကုန်​​သော ဝိသမစီး​​ပွား​​​ရေး​​သမား​​တို့​​အား​​၎င်း​၊​ ထမင်း​​တနပ်၊​ ဟင်း​​တဖတ်အတွက် စစ်အာဏာရှင်တို့​​ဖက်မှ ​​ရှေ့​​​နေလိုက်​​ပေး​​ ​​နေကြရန်ကုန်​​သော မိဒီယာ​​ခွေး​​​လှေး​​ဂျပိုး​​တို့​​အား​​၎င်း​ အထူး​​တလည်သတိ​​ပေး​​လိုသည်မှာ “သင်တို့​​သည် ၄၉နှစ်လုံး​​လုံး​​ အမှား​​​ပေါ်မှား​​ဆင့်​​၍ မှား​​ပြီး​​ရင်း​​မှား​​ခဲ့​​ကြပြီ။ ဗုဒ္ဓဘာသာပီပီ ကံနှင့်​​ကံ၏အကျိုး​​ကို ယုံကြည်ခဲ့​​ပါလျှင် အမှား​​ကို မြင်၍ အမှန်သို့​​ပြင်နိုင်ဘို့​​လို၏။ မူလတန်း​​ဖတ်စာထဲ၌ သင်ကြရ​​သော ကု​​ဋေရှစ်ဆယ် ​​သေ​​ဋ္ဌေး​​သား​​ကဲ့​​သို့​​ နိဂုံး​​ပိုင်း​​မျိုး​​ မည်သူမျှကြံုခြင်လိမ့်​​မည်မဟုတ်။ အမှား​​ပြင်လာသူအဖို့​​ အချိန်​​နောက်ကျသည်ဟု၏မရှိ၊​ အ​​ရေး​​ကြီး​​ဆုံး​​အချက်မှာ ​​ချောက်ထဲကျ​​နေသည့်​​တိုင်း​​ပြည်အား​​ အမှန်တကယ် ကယ်တင်ဖို့​​ အခွင့်​​အလမ်း​​မှာ လူတိုင်း​​တွင် ရှိသလို နိုင်ငံသား​​ဖြစ်​​သော သင်တို့​​လက်ထဲတွင်လည်း​​ ရှိသည်ဆို​​သော အချက်ကို သတိချပ်ကြ​​စေလို၏။”

သင်တို့​​ကား​​ တိုင်း​​ပြည်ကို ကယ်တင်သည့်​​ ပြည်သူ့​​ဘက်မှ ရပ်တည်မည့်​​ ပျား​​ရည်မြစ်တို့​​ကို စီး​​ဆင်း​​​စေမည့်​​ နိုင်ငံသား​​​ကောင်း​​များ​​ အမြန်ဆုံး​​ဖြစ်လာ​​စေ​​ကြောင်း​​ ဆုမွန်​​ကောင်း​​​တောင်း​​၏။ ဤ​​ဆောင်း​​ပါး​​ကို နိဂုံး​​ချုပ်လိုက်ပါ၏။

ကိုး​​ကား​​ : Human Development Report 2010 by United Nations Development Prigramme.

မင်း​​​ကောင်း​​ချစ်

LEAVE A REPLY

Please enter your comment!
Please enter your name here