Microsoft ၏ တစ်နှစ်တာဝင်​​ငွေ စံချိန်တင်တိုး​​တက်လာ

alt

Microsoft​​ကော်ပို​​ရေး​​ရှင်း​​က ၎င်း​တို့​​၏ တစ်နှစ်တာ ဝင်​​ငွေသည် စံချိန်တင်အဖြစ် ​​ဒေါ်လာ ၆၉.၉၄ ဘီလျံ ရှိလာ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

အ​​မေရိကန် နည်း​​ပညာ လုပ်ငန်း​​ကြီး​​က ​​ဈေး​​ကွက်အတွင်း​​ Xbox ဂိမ်း​​စက်များ​​ ​​ရောင်း​​အား​​ တက်လာခြင်း​​နှင့်​​အတူ အဖက်ဖက်မှ ဝင်​​ငွေတိုး​​လာ​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။ Softwareများ​​ ထုတ်လုပ်​​ရောင်း​​ချမှုတွင် ကမ္ဘာ့​​အကြီး​​မား​​ဆုံး​​ ကုမ္ပဏီကြီး​​က ဝင်​​ငွေပမာဏသည် ၂၃ ရာခိုင်နှုန်း​​ တိုး​​ပွား​​လာခြင်း​​ဖြစ်​​ကြောင်း​​ ​​ဖော်ပြခဲ့​​သည်။

ညွှန်ကိန်း​​များ​​အရ Microsoft၏ အသား​​တင် အမြတ်​​ငွေသည် ​​ဒေါ်လာ ၅.၈၇ ဘီလျံထိ ရှိလာပြီဟု သိရသည်။ Microsoft၏ နာမည်​​ကျော် ကွန်ပျူတာ Operating Systemဖြစ်သည့်​​ Windows 7၏ ​​ရောင်း​​လိုအား​​ မြင့်​​တက်​​နေခြင်း​​နှင့်​​ Bing ရှာ​​ဖွေ​​ရေး​​ အင်ဂျင်တို့​​မှလည်း​​ အမြတ်အစွန်း​​များ​​ ရရှိ​​နေသည်။

သို့​​​သော်လည်း​​ Bingအ​​နေနှင့်​​ ​​ဈေး​​ကွက်ထဲတွင် Googleအား​​ ယှဉ်ပြိုင်ရန် ရုန်း​​ကန်​​နေရဆဲဖြစ်သည်။ Microsoftအ​​နေနှင့်​​ ​​နောက်ထပ် Operating Systemသစ်ဖြစ်​​သော Windows 8ကို ထုတ်​​ဝေဖြစ်ပါက အမြတ်​​ငွေ ဝင်​​ငွေတိုး​​ပါး​​လာမည်ဟု ​​မျှော်လင့်​​​နေသည်။ မကြာ​​သေး​​မီက အခြား​​​သော နည်း​​ပညာ လုပ်ငန်း​​များ​​ ဖြစ်ကြသည့်​​ Google၊​ Appleနှင့်​​ IBMတို့​​သည်လည်း​​ နှစ်ပတ်လည် ဝင်​​ငွေစာရင်း​​များ​​ကို ထုတ်ပြန်ခဲ့​​ရာ တိုး​​တက်မှုများ​​ အသီး​​သီး​​ ဖြစ်ထွန်း​​ခဲ့​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here