မိန်း​က​လေး​များ​ကို လိင်​ကျေး​ကျွန်အဖြစ် ​စေခိုင်း​ခဲ့​သူအား​ ​သေဒဏ်ချမှတ်

alt

တရုတ်နိုင်ငံတွင် မိန်း​က​လေး​များ​ကို လိင်​ကျေး​ကျွန်အဖြစ် ခိုင်း​စေခဲ့​သူ တစ်ဦး​အား​ ​သေဒဏ် ချမှတ်လိုက်​ကြောင်း​ သိရသည်။

ဝူဟမ်တွင် ​နေထိုင်သည့်​ အသက် ၄၀ အရွယ် သံမဏိစက်ရုံ အလုပ်သမား​ ဇန်ကွင်ဘိုသည် မုဒိမ်း​မှု၊​ တရား​လက်မဲ့​ ဖမ်း​ဆီး​ချုပ်​နှောင်မှု၊​ လုယက်မှုစသည့်​ ပြစ်မှုများ​စွာဖြင့်​ စွဲချက်တင်ခံခဲ့​ရသည်။ ဟူဘိုင် တရား​ရုံး​သည် ဇန်၏ ပြစ်မှုများ​အနက် ဆယ်​ကျော်သက် မိန်း​က​လေး​ နှစ်ဦး​ကို ​မြေ​အောက် အကျဉ်း​တိုက် တစ်ခုအတွင်း​ ရက်​ပေါင်း​ ၅၉ဝ နှင့်​ ၃၁၇ ရက်စီ သီး​ခြား​ ပိတ်ဆို့​ထား​ပြီး​ လိင်​ ကျေး​ကျွန်အဖြစ် ယုတ်မာစွာ အသုံး​ချခဲ့​ခြင်း​ကို မီး​မောင်း​ထိုး​ ​ဖော်ပြခဲ့​သည်။

ပြီး​ခဲ့​သည့်​နှစ် ​မေလ ၁၄ ရက်​နေ့​တွင် ရဲတပ်ဖွဲ့​က မိန်း​က​လေး​များ​အား​ ကယ်တင်နိုင်ခဲ့​ကြောင်း​ China Dailyက ​ဖော်ပြခဲ့​သည်။ ဇန်သည် ၂၀၀၇ ခုနှစ်၊​ ဇူလိုင်လမှ ၂၀၁၀၊​ ​မေလထိ အခြား​ မိန်း​က​လေး​ ၉ ဦး​ကိုလည်း​ မုဒိမ်း​ကျင့်​ခဲ့​သေး​ကြောင်း​ သိရသည်။ ၂၀၀၉ ခုနှစ်၊​ ဇူလိုင်လ ၂ ရက်​နေ့​ကလည်း​ ဇန်သည် ဇူဟုသာ အမည်​ဖော်ပြ​သော မိန်း​က​လေး​ တစ်ဦး​အား​ ပြန်​ပေး​ဆွဲကာ လိင်ပိုင်း​ဆိုင်ရာ ​စော်ကား​မှုများ​ ပြုလုပ်ခဲ့​သည်။

ထို့​နောက် သူမအား​ ​မြေတိုက်ခန်း​ထဲတွင် ထည့်​ထား​ခဲ့​သည်။ သူမ မတိုင်မီက ဟူဆို​သော အသက် ၁၆ နှစ်အရွယ် မိန်း​က​လေး​မှာလည်း​ ၂၀၀၈ ခုနှစ်၊​ စက်တင်ဘာ ၁၆ ရက်​နေ့​ ကတည်း​က ဖမ်း​ဆီး​ကာ အကျဉ်း​ချထား​သေး​သည်။ မိန်း​က​လေး​ နှစ်ဦး​လုံး​သည် ​မြေတိုက်ခန်း​ထဲတွင် ဇန်၏ ရိုက်နှက်နှိပ်စက်မှုနှင့်​ မုဒိမ်း​ကျင့်​မှုများ​ကို အကြိမ်ကြိမ် ခံခဲ့​ရ​ ကြောင်း​ သိရှိရသည်။

ဖြတ်သွား​ဖြတ်လာ တစ်ဦး​က ဇန်၏ ​မြေတိုက်ခန်း​အနီး​ မသင်္ကာဖွယ်ရာ အ​ခြေအ​နေကို သတိပြုမိပြီး​ ရဲထံ သတင်း​ပေး​ရာမှ ရဲများ​က မိန်း​က​လေး​ နှစ်ဦး​ကို ကယ်တင်နိုင်ခဲ့​ခြင်း​ဖြစ်သည်။ တရား​ရုံး​က ဇန်၏ လုပ်​ဆောင်မှုများ​သည် ခွင့်​လွှတ်နိုင်စရာ မရှိဟု ဆုံး​ဖြတ်ကာ ယခုသီတင်း​ပတ် အ​စောပိုင်း​တွင် ၎င်းအား​ ​သေဒဏ် စီရင်ချက် ချမှတ်ခဲ့​ခြင်း​ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here