ရုရှား​​ရွေး​​ကောက်ပွဲဝင် ဗလာဒီမာပူတင်အတွက် မိန်း​က​လေး​များ​ အဝတ်အစား​ချွတ်ပစ်ရန် တိုက်တွန်း​

alt

ရုရှား​ ​ရွေး​​ကောက်ပွဲတွင် ပါ၀င်ယှဥ်ပြိုင်မည့်​ ဗလာဒီမာ ပူတင်အား​ ​ထောက်ခံအား​​ပေး​သည့်​ အ​နေနှင့်​ မိန်း​က​လေး​များ​အား​ အဝတ်အစား​များ​ ချွတ်ပစ်ရန် Onlineမှတဆင့်​ မဲဆွယ် လှုပ်ရှား​သူများ​က တိုက်တွန်း​​နေ​ကြောင်း​ သိရသည်။

လက်ရှိတွင် ဝန်ကြီး​ချုပ်အဖြစ် တာဝန်ယူထား​​သော ပူတင်သည် သမ္မတ ဒီမီထရီ မက်ဗီဒက်ဗ်နှင့်​ အပြိုင်အဆိုင် ​ရွေး​​ကောက်ပွဲဝင်ရန် စီစဥ်​နေသည်။ ပူတင်တပ်မ​တော်ဟု အမည်​ပေး​ထား​​သော Onlineလှုပ်ရှား​သူများ​က Social Networking ဝက်ဆိုက်များ​မျတဆင့်​ ယခုကဲ့​သို့​ စည်း​ရုံး​မှု ပြုလုပ်လား​ခြင်း​ဖြစ်သည်။ ထို့​အပြင် အ​ဖော်အချွတ်အတွက် ပါ၀င်​သော မိန်း​က​လေး​များ​ကို အ​ပျော်သ​ဘော ပြိုင်ပွဲမျိုး​ ပြုလုပ်ကာ Appleထုတ် iPad2 ကွန်ပျူတာငယ်တစ်လုံး​ ဆု​ပေး​သွား​ရန်လည်း​ စီစဥ်လျက်ရှိသည်။ ​

ခေတ်သစ် ရုရှား​နိုင်ငံ၏ အုပ်စိုး​သူ တစ်ဦး​အဖြစ် တင်စား​ခြင်း​ ခံခဲ့​ရ​သော ပူတင်သည် ရုရှား​၏ သမ္မတအဖြစ် ၂၀၀၀ ပြည့်​နှစ်မှ ၂၀၀၈ ခုနှစ်ထိ တာဝန်ယူခဲ့​ဖူး​သည်။

၎င်း​သည် ယခုအခါ မက်ဗီဒက်ဗ်အား​ ယှဥ်ပြိုင် ​ကျော်ဖြတ်ရန် ​မျှော်လင့်​လျက် ရှိ​နေသည်။ ရုရှား​၏ ​ရွေး​​ကောက်ပွဲများ​ကို ၂၀၁၂ ခုနှစ်၊ မတ်လတွင် ကျင်း​ပမည်ဖြစ်သည်။ မက်ဗီဒက်ဗ်က ၎င်း​နှင့်​ ပူတင်တို့​ကြား​ ယှဥ်ပြိုင်မှုတွင် ပြတ်ပြတ်သား​သား​ ရလဒ်မျိုး​ မဖြစ်နိုင်ဟု ခန့်​မှန်း​ထား​​ကြောင်း​လည်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here