Beauty and the Beast ဇာတ်ကား​တွင် အီမာဝပ်ဆင် ပါဝင်သရုပ်​ဆောင်ဖွယ်ရှိ

alt

Beauty and the Beastဇာတ်ကား​တွင် အမ်မာဝပ်ဆင် ပါ၀င် သရုပ်​ဆောင်ဖွယ် ရှိ​နေ​ကြောင်း​ သိရသည်။

Versionသစ်ဖြင့်​ ရိုက်ကူး​မည့်​ အဆိုပါ ဇာတ်ကား​ကို Crazy, Stupid, Love ဇာတ်ကား​ ပရိုဂျူဆာ ဒင်း​နစ်ဒီနိုဗီက တာဝန်ယူပြီး​ Pacific Rum ဒါရိုက်တာ ဂီလာမိုဒယ်တိုရိုက ရိုက်ကူး​မည်ဖြစ်သည်။ Harry Potter ဇာတ်လမ်း​တွဲများ​ ​နောက်ပိုင်း​ ယခုရုပ်ရှင်သည် အမ်မာ၏ အင်ပြည့်​အား​ပြည့်​ သရုပ်​ဆောင် အရည်အ​သွေး​ကို ရှုမြင်ရဖွယ်ရှိသည့်​ စမ်း​သပ်ချက် တစ်ခု ဖြစ်လာနိုင်​ကြောင်း​ ရုပ်ရှင် ​လေ့​လာသူများ​က သုံး​သပ်ခဲ့​သည်။

သူမပါ၀င်​သော Harry Potter and Deathly Hallows Part 2မှာ လက်ရှိတွင် ရုံတင်ပြသ​နေဆဲဖြစ်သည်။ အမ်မာသည် လက်တ​လောတွင် The Perks of Being a Wallflower ဇာတ်ကား​တွင် ပါ၀င်ရိုက်ကူး​လျက် ရှိ​နေသလို My Week with Marilyn ဇာတ်ကား​ကိုလည်း​ ယခုနှစ်ကုန်ပိုင်း​တွင် ရိုက်ကူး​ရန် စီစဥ်ထား​ပြီး​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here