တရား​​ရုံး​​တွင် တရား​​သူကြီး​​ကို တိုက်ခိုက်ခဲ့​​သည့်​​ အမျိုး​​သမီး​​ ​​ထောင်ဒဏ်ချမှတ်ခံရ

alt

အ​​မေရိကန်တွင် တရား​​သူကြီး​​၏ သမား​​ရိုး​​ကျ လုပ်ထုံး​​လုပ်နည်း​​အတိုင်း​​ ကြား​​နာ​​နေမှုကို စိတ်ဆိုး​​ ​​ဒေါသထွက်​​နေသည့်​​ အမျိုး​​သမီး​​ တစ်ဦး​​က တရား​​သူကြီး​​အား​​ တိုက်ခိုက်ခဲ့​​​ကြောင်း​​ သိရသည်။

ပြီး​​ခဲ့​​သည့်​​ သီတင်း​​ပတ်က ဝိန်း​​​ကောင်တီ တရား​​ရုံး​​တွင် ယင်း​​ကိစ္စ ဖြစ်ပွား​​ခဲ့​​ခြင်း​​ဟု သိရသည်။ မာလီဆာ ဟား​​ဗစ်သည် တရား​​သူကြီး​​ထံ ​​လျှောက်သွား​​ပြီး​​ တရား​​သူကြီး​​၏ ခုံကို​​ကျော်ကာ တိုက်ခိုက်ခဲ့​​​ကြောင်း​​ တရား​​ရုံး​​ ဗီဒီယို မှတ်တမ်း​​များ​​က ရိုက်ကူး​​ထား​​ခဲ့​​သည်။ သူမသည် တရား​​ရုံး​​ကို မဆီမ​​လျော် ​​စော်ကား​​မှု​​ကြောင့်​​ ​​ထောင်ဒဏ် ၁၀ ရက် ချမှတ်ခြင်း​​ ခံခဲ့​​ရသည်။ ဟား​​ဗစ်သည် တရား​​သူကြီး​​ ထိုင်​​နေရာ ​​နေရာသို့​​ အတင်း​​အဓမ္မ ခုန်တက်ရန် ကြိုး​​စား​​​နေရာ တရား​​ရုံး​​ လုံခြံု​​ရေး​​ အ​​စောင့်​​များ​​က သူမအား​​ ဆွဲထုတ်သွား​​ရသည်။

တရား​​သူကြီး​​ ဂျင်နီဖာ အက်ချက် အက်ဒွပ်သည် ဟား​​ဗစ်၏ ရန်ပြုလာမှု​​ကြောင့်​​ ခုံကို ​​နောက်ဖက်သို့​​ဆွဲကာ တိမ်း​​​ရှောင်ခဲ့​​ရသည်။ တရား​​သူကြီး​​အ​​နေနှင့်​​ ထိခိုက် ဒဏ်ရာရမှု မရှိ​​ချေ။ ဟား​​ဗစ်သည် အကြမ်း​​ဖက် ရန်ပြုမှု အပါအဝင် ​​နောက်ထပ် စွဲချက်အသစ်များ​​နှင့်​​ ရင်ဆိုင်ရဖွယ် ရှိ​​နေ​​ကြောင်း​​လည်း​​ အာဏာပိုင်များ​​က ​​ပြောဆိုသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here