မ​​လေး​​ရှား​​တွင် သတို့​​သား​​ဟန်​​ဆောင်ကာ မုဒိမ်း​​ကျင့်​​မှုဖြစ်ပွား​​

alt

မ​​လေး​​ရှား​​နိုင်ငံတွင် လူတစ်ဦး​​က သတို့​​သား​​​လောင်း​​အဖြစ် ဟန်​​ဆောင်ကာ မင်္ဂလာ အဝတ်အထည်ဆိုင် ပိုင်ရှင် တစ်ဦး​​အား​​ မုဒိမ်း​​ကျင့်​​ခဲ့​​​ကြောင်း​​ သိရသည်။

ဆီလန်ဂါရှိ ကာဂျန်မှ မင်္ဂလာ သတို့​​သား​​၊​ သတို့​​သမီး​​ဝတ်စုံ အ​​ရောင်း​​ဆိုင် ပိုင်ရှင် အသက် ၂၉ နှစ်အရွယ် အမျိုး​​သမီး​​အား​​ အသက် ၁၉ နှစ်ရှိ လူတစ်ဦး​​က သတို့​​သား​​​လောင်း​​အသွင် ဟန်​​ဆောင် အယုံသွင်း​​ကာ ဓား​​​ထောက် မုဒိမ်း​​ကျင့်​​ခဲ့​​ခြင်း​​ဖြစ်သည်။ ဘန်ဒါရင်ချိန်ရှိ ဆိုင်ထဲသို့​​ ထိုသူက မိမိသည် သတို့​​သား​​​လောင်း​​ တစ်ဦး​​ဖြစ်ပြီး​​ မင်္ဂလာပွဲအတွက် အဝတ်အထည်များ​​ မှာယူလို​​ကြောင်း​​ ​​ပြောဆိုကာ ​​ရောက်ရှိလာခြင်း​​ဖြစ်သည်။

ဆိုင်ရှင် အမျိုး​​သမီး​​က အပြန်အလှန် စကား​​​ပြောဆို​​နေပြီး​​​နောက် ထိုသူသည် ဓား​​တစ်​​ချောင်း​​ကို ဆွဲထုတ်ကာ အမျိုး​​သမီး​​အား​​ ခြိမ်း​​​ခြောက်ပြီး​​ ဆိုင်တံခါး​​များ​​ကို ပိတ်​​စေခဲ့​​သည်။ ထို့​​​နောက် သူမအား​​ အဝတ်အစား​​များ​​ ချွတ်ပစ်ရန် ​​စေခိုင်း​​ခဲ့​​သည်။ ထိုသို့​​ ပြုလုပ်ပြီး​​​နောက် သူမမှာ မုဒိမ်း​​ကျင့်​​ခြင်း​​ ခံရ​​တော့​​သည်။ ​​

နောက်ပိုင်း​​တွင် ဆိုင်ပိုင်ရှင် အမျိုး​​သမီး​​၏ ခင်ပွန်း​​က ဆိုင်ပိတ်ထား​​သည်ကို ​​တွေ့​​ရှိပြီး​​​နောက် ဝင်​​ရောက် စုံစမ်း​​ရာမှ စက်ဆုပ်ဖွယ် အဖြစ်အား​​ ​​တွေ့​​ရှိခဲ့​​သည်။ ၎င်း​သည် မုဒိမ်း​​သမား​​အား​​ အင်အား​​သုံး​​ ဖမ်း​​ဆီး​​ကာ ရဲများ​​ ​​ရောက်လာချိန်အထိ ထိန်း​​သိမ်း​​ထား​​ခဲ့​​သည်။ ထို့​​​နောက် ရဲများ​​က မုဒိမ်း​​သမား​​အား​​ ဖမ်း​​ဆီး​​သွား​​ခဲ့​​ပြီး​​ ယခုအခါ မုဒိမ်း​​မှုဖြင့်​​ စွဲချက်တင်ထား​​​ကြောင်း​​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here