အိန္ဒိယနိုင်ငံ မွမ်ဘိုင်း​မြို့​တွင် ​ပေါက်ကွဲမှုများ​​ကြောင့်​ အနည်း​ဆုံး​ ၂၁ ဦး​​သေဆုံး​

alt

အိန္ဒိယနိုင်ငံ မွမ်ဘိုင်း​မြို့​တွင် ​ပေါက်ကွဲမှု ၃ ခု ဖြစ်ပွား​ခဲ့​ရာ အနည်း​ဆုံး​ လူ ၂၁ ဦး​ ​သေဆုံး​သွား​​ကြောင်း​ သိရသည်။

ဇူလိုင်လ ၁၃ ရက်​နေ့​ ညပိုင်း​က လူသွား​လူလာ ရှုပ်​ထွေး​​သော ​နေရာများ​တွင် ယခုလို ​ပေါက်ကွဲမှုများ​ ​ပေါ်​ပေါက်ခဲ့​ခြင်း​ဖြစ်သည်။ မွမ်ဘိုင်း​သည် လွန်ခဲ့​​သော ၃ နှစ်က လူ​ပေါင်း​ ၁၆၆ ဦး​ ​သေဆုံး​​စေခဲ့​သည့်​ အကြမ်း​ဖက် စီး​နင်း​ တိုက်ခိုက်မှုများ​ ဖြစ်​ပေါ်ခဲ့​ရာ ​နေရာလည်း​ဖြစ်သည်။ အစိုး​ရ အရာရှိ တစ်ဦး​ဖြစ်သည် ချာဂန်ဘူဂျာဘယ်က ယခု​ပေါက်ကွဲမှုများ​သည် အကြမ်း​ဖက် သမား​များ​၏ လက်ချက် ဖြစ်နိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ည ရ နာရီ ဝန်း​ကျင်ခန့်​တွင် ဖြစ်ပွား​​သော ​ပေါက်ကွဲမှုများ​သည် ဇာတ်ရုံများ​ အ​ခြေစိုက်ရာ ​ဒေသ၊ နာမည်​ကျော် လက်ဝတ်ရတနာ​ဈေး​နှင့်​ လူအများ​ စည်ကား​ရာ ဒါဒါတို့​အနီး​ ဖြစ်​ပေါ်ခဲ့​ခြင်း​ဟု သိရသည်။ ​ပေါက်ကွဲမှုများ​အတွင်း​ ၁၁၃ ဦး​ထက်မနည်း​ ဒဏ်ရာများ​ ရရှိခဲ့​​ကြောင်း​လည်း​ သိရသည်။ ယခုအကြမ်း​ဖက်မှုသည် စစ်​သွေး​ကြွ ၁၀ ဦး​က မွမ်ဘိုင်း​ရှိ အ​ဆောက်အအုံများ​ကို အ​သေခံ စီး​နင်း​ တိုက်ခိုက်ခဲ့​သည့်​ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ အကြမ်း​ဖက်မှုကြီး​​နောက်ပိုင်း​ အဆိုး​ရွား​ဆုံး​ ဖြစ်လာခဲ့​သည်။

မွမ်ဘိုင်း​တွင် ဆိုး​ဆိုး​ရွား​ရွား​ ​နောက်တစ်ကြိမ် အကြမ်း​ဖက် တိုက်ခိုက်မှု ခံရခြင်း​​ကြောင့်​ လုံခြံု​ရေး​ဆိုင်ရာ ယို​ပေါက်များ​ ကြီး​မား​စွာ ရှိ​နေဆဲဖြစ်​ကြောင်း​ ​ပေါ်​ပေါက်လာ​စေခဲ့​သည်။ လက်ရှိတွင် ​ပေါက်ကွဲမှုများ​အတွက် ရဲတပ်ဖွဲ့​က စုံစမ်း​​နေဆဲဖြစ်ပြီး​ အိန္ဒိယ မီဒီယာများ​ကမူ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာန၏ အဆိုကို ကိုး​ကား​ပြီး​ အကြမ်း​ဖက် တိုက်ခိုက်မှုအဖြစ် ​ရေး​သား​ ​ဖော်ပြခဲ့​ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here