အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်း​၏ အစ်ကိုဖြစ်သူ သတ်ဖြတ်ခံရ

alt

အာဖဂန်နစ္စတန် သမ္မတ ဟာမစ်ကာဇိုင်း​၏ အစ်ကိုအား​ လူသတ်သမား​ တစ်ဦး​က ရက်စက်စွာ သုတ်သင်ပြီး​ လူအများ​ကြား​ အ​ဆောက်အအုံ တစ်ခုအလယ်တွင် ဆွဲကြိုး​ချပြီး​ အ​ လောင်း​ကို ချန်ထား​ခဲ့​​ကြောင်း​ သိရသည်။

ကာဇိုင်း​၏ ဖ​အေတူ မ​အေကွဲ အစ်ကိုဖြစ်သူ အာမက် ဝါလီကာဇိုင်း​၏ ရုပ်အ​လောင်း​ကို ကန်ဒါဟာတွင် ချိတ်ဆွဲထား​ရာ မိနစ် ၂၀ မျှ အကြာတွင် လူတစ်စုက လာ​ရောက် ဖြုတ်ယူသွား​ခဲ့​ရသည်။ ဇူလိုင်လ ၁၂ ရက်​နေ့​က အာမက်သည် ​မွေး​ရပ်ဇာတိ မြို့​တွင်ပင် လုပ်ကြံသတ်ဖြတ်ခြင်း​ ခံခဲ့​ရသည်။ ၎င်း​၏ ဈာပနသို့​ လူ​ထောင်နှင့်​ချီ တက်​ရောက်ခဲ့​ရာ သမ္မတ ကာဇိုင်း​လည်း​ ပါ၀င်သည်။ အာမက်သည် ​သေနတ်ဒဏ်ရာ​ကြောင့်​ ​သေဆုံး​​နေပြီး​မှ ဆွဲကြိုး​ချခံထား​ရခြင်း​ဟု သိရသည်။

သမ္မတ ကာဇိုင်း​သည် ဈာပန အခမ်း​အနား​သို့​ ကိုယ်ရံ​တော်များ​ ခြံရာကာ လာ​ရောက်ခဲ့​သည်။ ယခုလုပ်ကြံမှုသည် တာလီဘန် အကြမ်း​ဖက်သမား​များ​၏ လက်ချက်ဟု သိရသည်။ ၎င်း​ သည် ဈာပန အခမ်း​အနား​ ပြီး​သည်နှင့်​ သတင်း​စာ ရှင်း​လင်း​ပွဲ တစ်ခု ပြုလုပ်ပြီး​ တာလီဘန်များ​က မိမိ၏ ​သွေး​သား​တစ်ဦး​အား​ သတ်ဖြတ်ခြင်း​သည် အာဖဂန် ပြည်သူ တစ်ဦး​အား​ သတ်ဖြတ်ခြင်း​ပင် ဖြစ်​ကြောင်း​ ​ပြောကြား​သွား​သည်။

တာလီဘန် ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ ဇာဘူလာ မူဂျာဟစ်က အာမက်ကို မိမိတို့​ လုပ်ကြံခဲ့​​ကြောင်း​ ​ကြေညာခဲ့​ပြီး​ အာမက်သည် အ​မေရိကန်၊ က​နေဒါနှင့်​ ဗြိတိန် တပ်ဖွဲ့​များ​ကို ကူညီ​ထောက်ပံ့​မှုများ​ ပြုလုပ်ခဲ့​သဖြင့်​ ဒဏ်ခတ်ခဲ့​ခြင်း​ဟု ​ပြောကြား​သွား​သည်။

အ​မေရိကန်ဆိုင်ရာ အာဖဂန် သံအမတ်​ဟောင်း​ တစ်ဦး​က ယခုကိစ္စသည် အစိုး​ရ၏ ရပ်တည်မှုကို ကြီး​ကြီး​မား​မား​ ထိခိုက်သွား​​စေပြီး​ ကာဇိုင်း​အ​နေနှင့်​ ကန်ဒါဟာတွင် ၎င်း​၏ ဩဇာ သက်​ရောက်မှုကို ဆက်လက်ထိန်း​သိမ်း​ရန် အ​ခြေအ​နေ အရပ်ရပ်ကို သတိပြု ကိုင်တွယ်ဖွယ် ရှိ​နေ​ကြောင်း​ သုံး​သပ် ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here