ဩစ​​တြေး​​လျတွင် မိ​​ကျောင်း​​ကြီး​​များ​​ လိုက်လံကြည့်​​ရှုနိုင်သည့်​​ ခရီး​​သွား​​လုပ်ငန်း​​ ​​အောင်မြင်

alt

ဩစ​​တြေး​​လျ နိုင်ငံတွင် ကြီး​​မား​​လှ​​သော မိ​​ကျောင်း​​ကြီး​​များ​​ကို ကမ္ဘာလှည့်​​ ခရီး​​သည်များ​​ အနီး​​ကပ် ကြည့်​​ရှုနိုင်​​အောင် ဝန်​​ဆောင်မှု​​ပေး​​​​သော လုပ်ငန်း​​မှာ ​​အောင်မြင်မှုများ​​ ရရှိ​​ နေသည်။

၁၈ ​​ပေမျှ ရှည်လျား​​ပြီး​​ ၂ တန်မျှ အ​​လေး​​ချိန်ရှိ​​သော ​​ရေ​​နေ သား​​စား​​ သတ္တဝါကြီး​​များ​​သည် ကမ္ဘာလှည့်​​ ခရီး​​သည်များ​​ကို တင်​​ဆောင်လာသည့်​​ စက်​​လှေအနီး​​တွင် အစာကို အလုအယက် စား​​​​သောက်​​နေကြသည်။ ခရီး​​သွား​​ လမ်း​​ညွှန်တစ်ဦး​​က တိုင်ထိပ်တွင် သား​​ပိုက်​​ကောင်သား​​ကို တပ်ထား​​ပြီး​​ ​​ရေပြင်​​ပေါ်တွင် အ​​ယောင်ပြ​​နေချိန်တွင်ယင်း​​ သား​​ပိုက်​​ကောင် အသား​​ကို ကြီး​​မား​​လှသည့်​​ ​​ရေငန် မိ​​ကျောင်း​​ကြီး​​က ခုန်ဟပ်​​နေပုံအား​​ ဓာတ်ပုံဆရာမ ကက်ထရီနာ ဘရီဂီဖို့​​က မှတ်တမ်း​​တင်နိုင်ခဲ့​​သည်။

ထိုမိ​ကျောင်း​​ကြီး​​ ခုန်​​ နေစဥ်က မိမိတို့​​သည် လက်ဖြင့်​​ပင် လှမ်း​​ကိုင်၍ ရ​​လောက်​​အောင် နီး​​ကပ်​​ကြောင်း​​ ကက်ထရီနာက ​​ပြောကြား​​ခဲ့​​သည်။ သူမသည် ထိုခရီး​​စဥ်တွင် ၁၁ နှစ်အရွယ် သား​​ငယ်ကိုပါ ​​ ခေါ်သွား​​ခဲ့​​သည်။ မိ​​ကျောင်း​​ကြီး​​ ခုန်ထွက်လာချိန်တွင် ​​လှေ​​ပေါ်မှ လူတိုင်း​​ပါး​​စပ်မှ အာ​​မေဋိတ်မျိုး​​စုံ ထွက်လာ​​ကြောင်း​​ ကက်ထရီနာကဆိုသည်။ ဩစ​​တြေး​​လျသည် ကမ္ဘာ​​ပေါ်တွင် ​​ရေငန်မိ​​ကျောင်း​​ အများ​​ဆုံး​​ ကျက်စား​​သည့်​​ နိုင်ငံတစ်ခုဖြစ်သည်။ ​​

ရေငန်မိ​​ကျောင်း​​များ​​သည် ကမ္ဘာ​​ပေါ်တွင် အရွယ်အစား​​ အကြီး​​မား​​ဆုံး​​ မိ​​ကျောင်း​​ မျိုး​​စိတ်လည်း​​ဖြစ်သည်။ ဩစ​​ တြေး​​လျတွင် နှစ်အတန်ကြာအတွင်း​​ လူအချို့​​ မိ​​ကျောင်း​​ ကိုက်ခံရ၍ ​​သေဆုံး​​​​လေ့​​ရှိပြီး​​ ၂၀၀၉ ခုနှစ်က ဒါ၀င်မြို့​​အနီး​​ ဘလက်ဂျန်း​​ဂဲလ် ရွှံ့​​နွံပြင်အနီး​​ ​​ဆော့​​ကစား​​​​နေသည့်​​၁၁ နှစ်အရွယ် က​​လေး​​မ​​လေး​​ တစ်ဦး​​ အပါအဝင် ဩစ​​တြေး​​လျ ​​မြောက်ပိုင်း​​တွင် လူ ၃ ဦး​​ထိ မိ​​ကျောင်း​​ကိုက်ခံရ၍ ​​သေဆုံး​​ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here