ဗြိတိန်တွင် အကြမ်း​​ဖက်မှု ဖြစ်နိုင်​​ခြေ အဆင့်​​သတ်မှတ်ချက် ​​လျှော့​​ချ

alt

ဗြိတိန်နိုင်ငံတွင် အကြမ်း​​ဖက် တိုက်ခိုက်မှုများ​​ ဖြစ်​​ပေါ်လာနိုင်သည့်​​ အ​​ခြေအ​​နေကို အပြင်း​​အထန်ဟူ​​သော သတ်မှတ်ချက်မှ သတိပြု ​​စောင့်​​ကြည့်​​သင့်​​​သော ပမာဏသို့​​ ​​လျှော့​​ချလိုက်ပြီဖြစ်သည်။

သို့​​​သော်လည်း​​ အကြမ်း​​ဖက် တိုက်ခိုက်မှုများ​​ ဖြစ်လာနိုင်​​ခြေသည် အား​​​ကောင်း​​​ကောင်း​​နှင့်​​ တည်ရှိ​​နေဆဲဟု သက်ဆိုင်ရာ တာဝန်ရှိသူများ​​က သတိ​​ပေး​​ထား​​သည်။ ဗြိတိန်သည် ​​မေလဆန်း​​က ပါကစ္စတန်တွင် အ​​မေရိကန် တပ်ဖွဲ့​​များ​​က အကြမ်း​​ဖက် ​​ခေါင်း​​​ဆောင် အိုစမာ ဘင်လာဒင်အား​​ စီး​​နင်း​​သတ်ဖြတ်မှု ပြုလုပ်ခဲ့​​သည့်​​ခြင်း​​နှင့်​​အတူ နိုင်ငံ၏ အကြမ်း​​ဖက်မှု ဖြစ်​​ပေါ်နိုင်​​သော အ​​ခြေအ​​နေကို အမြင့်​​ဆုံး​​အဆင့်​​ တပ်လှန့်​​ထား​​ခဲ့​​သည်။

ဗြိတိန်အစိုး​​ရသည် အ​​သေခံ ဗုံး​​​ဖောက်ခွဲမှုကဲ့​​သို့​​​သော ကိစ္စများ​​ ဖြစ်လာနိုင်​​သော အ​​နေအထား​​ကို သတိပြုရန် ဇန်နဝါရီ လကတည်း​​က ​​ကြေညာချက် ထုတ်ပြန်ထား​​ပြီး​​ဖြစ်သည်။ သို့​​​သော်လည်း​​ ယခုအခါ ​​ထောက်လှမ်း​​​ရေး​​ အစီရင်ခံစာများ​​အရ အကြမ်း​​ဖက် သမား​​များ​​၏ လှုပ်ရှား​​မှုများ​​ ​​လျော့​​နည်း​​​နေခြင်း​​​ကြောင့်​​ သတိ​​ပေး​​မှုအဆင့်​​ကို အတန်ငယ် ​​လျှော့​​​ပေါ့​​ခဲ့​​ခြင်း​​ဖြစ်သည်။

ဗြိတိန်တွင် အမြင့်​​ဆုံး​​ သတိ​​ပေး​​မှုကို ၂၀၀၇ ခုနှစ်က ​​နောက်ဆုံး​​ထုတ်ပြန်ခဲ့​​ဖူး​​ပြီး​​ ထိုစဉ်က ဂလက်စဂို ​​လေဆိပ်တွင် တိုက်ခိုက်မှုများ​​ ဖြစ်ပွား​​ခဲ့​​သလို လန်ဒန်တွင်လည်း​​ မ​​အောင်မြင်​​သော ကား​​ဗုံး​​ခွဲမှုတစ်ခု ​​ပေါ်​​ပေါက်ခဲ့​​သည်။

BBCသတင်း​​ဌာနက ဗြိတိန်သည် မွတ်ဆလင် အကြမ်း​​ဖက် သမား​​များ​​၏ ရန်ကို​​ရော၊​ အိုင်း​​ရစ် အစွန်း​​​ရောက် ခွဲထွက်​​ရေး​​ ​​ပြောက်ကျား​​များ​​၏ ခြိမ်း​​​ခြောက်မှုနှင့်​​ပါ ကြံု​​နေရ​​ကြောင်း​​ ​​ဖော်ပြသွား​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here