လစ်ဗျား​စစ်ပွဲ အဆုံး​သတ်ရန် ဂဒါဖီကမ်း​လှမ်း​ပါက ကြိုဆိုသင့်​ဟု ပြင်သစ်​ကြေညာ

alt

မိမိတို့​အ​နေနှင့်​ လစ်ဗျား​ခေါင်း​ဆောင် မူအမ်မာ ဂဒါဖီက လစ်ဗျား​စစ်ပွဲကို အဆုံး​သတ်ရန် ကမ်း​လှမ်း​လာပါက လက်ကမ်း​ ကြိုဆိုသင့်​ကြောင်း​ ပြင်သစ် နိုင်ငံခြား​ရေး​ ဝန်ကြီး​ဌာနက ​ကြေညာခဲ့​သည်။

NATOတပ်ဖွဲ့​နှင့်​အတူ ဂဒါဖီ၏ စစ်တပ်များ​ကို ​လေ​ကြောင်း​မှ ထိုး​စစ်ဆင်​နေ​သော ပြင်သစ်နိုင်ငံက လစ်ဗျား​၏ ပဋိပက္ခများ​ အဆုံး​သတ်သွား​ရေး​တွင် အသင့်​တော်ဆုံး​ နည်း​လမ်း​မှာ ​ဆွေး​နွေး​ညှိနှိုင်း​မှုပင် ဖြစ်သည်ဟု ယုံကြည်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ ပြင်သစ် နိုင်ငံခြား​ရေး​ ဝန်ကြီး​ ဂါရတ် လွန်း​ဂတ်က ဂဒါဖီသာ အာဏာစွန့်​ရန် ကမ်း​လှမ်း​မှုမျိုး​ ပြုလုပ်လာပါက NATOအ​နေနှင့်​ရော၊​ လစ်ဗျား​ သူပုန်များ​ကပါ လက်ခံ​ပေး​သင့်​သည်ဟု ​ပြောဆိုခဲ့​သည်။

ထိုသုံး​သပ်ချက်​ကြောင့်​ လစ်ဗျား​ကို ၄၁ နှစ်ကြာ အာဏာရှင် စနစ်ဖြင့်​ အုပ်စိုး​လာသည့်​ ဂဒါဖီ ရာထူး​မှ နှုတ်ထွက်ရန် နီး​စပ်​နေပြီဆို​သော ခန့်​မှန်း​ချက်များ​ ပိုမို ခိုင်မာလာခဲ့​သည်။ ဗြိတိန် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနကမူ ကဒါဖီသာ ထိုသို့​ကမ်း​လှမ်း​မှု အမှန်တကယ် ပြုလုပ်လာပါက အ​ခြေအ​နေ အရပ်ရပ်ကို သုံး​သပ် စဉ်း​စား​မည်ဟု ​ပြောဆိုထား​သည်။

လက်ရှိတွင် လစ်ဗျား​နိုင်ငံ စစ်ပွဲတွင် အစိုး​ရ ဆန့်​ကျင်​ရေး​ သူပုန်တပ်များ​ဖက်မှ စစ်​ရေး​ အသာစီး​ရလာ​နေပြီး​ ကဒါဖီ၏ အ​ခြေအ​နေ ဆိုး​ရွား​လာခဲ့​သည်။ ၎င်းသည် ​နောက်ဆုံး​အချိန်ထိ တိုက်ပွဲဝင်မည်ဟု ကမ္ဘာသိ ​ကြေညာထား​သော်လည်း​ လက်ရှိ အ​နေအထား​များ​ကြောင့်​ ရပ်တည်မှု ​ပြောင်း​လဲလာဖွယ် ရှိ​နေ​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်​နေသည်။ ပြင်သစ် နိုင်ငံကမူ ​စေ့​စပ်​ဆွေး​နွေး​မှုက စစ်ပွဲကို အ​ကောင်း​ဆုံး​ အဆုံး​သတ်နိုင်မည်ဖြစ်ရာ မိမိတို့​အ​နေနှင့်​ ဂဒါဖီ အ​လျှော့​ပေး​လာရန် ​မျှော်လင့်​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here