အ​​ပြေး​​ပြိုင်ပွဲဝင်​​ခွေး​​အား​​ ဗီယာဂရာ​​ဆေး​​ တိုက်​​ကျွေး​​

alt

ဗြိတိန်နိုင်ငံမှ အ​​ပြေး​​ပြိုင်ပွဲဝင်​​ခွေး​​ ​​လေ့​​ကျင့်​​သူ တစ်ဦး​​သည် ​​ခွေး​​တစ်​​ကောင်အား​​ ဗီယာဂရာ ​​ဆေး​​ဝါး​​များ​​ တိုက်​​ကျွေး​​ခဲ့​​​​ကြောင်း​​ သိရသည်။

အဆိုပါ ​​ခွေး​​ဖက်မှ ​​လောင်း​​​​ ကြေး​​မထပ်ခင် လိင်စိတ်ကြွ​​စေသည့်​​ ​​ဆေး​​ဝါး​​များ​​ကို အသက် ၆၁ နှစ်ရှိ အန်တိုနီ ​​ဖောင်လာက တိုက်​​ကျွေး​​ခဲ့​​ခြင်း​​ဖြစ်သည်။ အစိုး​​ရ​​ရှေ့​​​​နေ ဂျွန်အယ်ဝုဒ်က ​​ခွေး​​များ​​အား​​ ရှုံး​​​​ စေချင်သည့်​​အခါ ​​ဆေး​​​​ခြောက်များ​​ ​​ကျွေး​​​​လေ့​​ရှိပြီး​​ နိုင်​​စေချင်သည့်​​အခါ ဗီယာဂရာနှင့်​​ အာနိသင် တူညီသည့်​​ စတီး​​ရွိုက် နန်ဒရိုလုန်း​​များ​​ ထိုး​​သွင်း​​​​ကြောင်း​​ ​​ပြောကြား​​ခဲ့​​သည်။

နန်ဒရိုလုန်း​​သည် အဖိုဟိုမုန်း​​များ​​ကို တက်ကြွ ထက်သန်လာ​​စေသည်။ ​​လေ့​​လာမှုများ​​အရ ဗီယာဂရာသည် ခွေး​​များ​​၏ ​​သွေး​​​​ကြောများ​​ကို ပန့်​​ကား​​လာ​​စေတတ်ပြီး​​ ​​ဆေး​​​​ခြောက်ကမူ မူး​​ယစ်ထိုင်း​​မှိုင်း​​သွား​​​​စေ​​ကြောင်း​​ သိရှိခဲ့​​ရသည်။ ​​ဖောင်လာ၏ ​​ဆေး​​ဝါး​​သုံး​​စွဲပြီး​​ ​​ခွေး​​များ​​၏ ခန္ဓာကိုယ်အ​​ပေါ် အမျိုး​​မျိုး​​ သက်​​ရောက်​​စေမှုအား​​ ​​ဖော်ထုတ် ​​တွေ့​​ရှိပြီး​​​​နောက် ရဲများ​​က ဖမ်း​​ဆီး​​ခဲ့​​ခြင်း​​ဖြစ်သည်။ ​​

ဖောင်လာက ယခုလို လုပ်ရခြင်း​​မှာ တိရစ္ဆာန်​​ဆေး​​ကု ဆရာဝန် စရိတ်များ​​ ကြီး​​မြင့်​​လွန်း​​၍ဖြစ်​​ကြောင်း​​ ​​ပြောဆိုခဲ့​​သည်။ ၎င်း​​အား​​ ဇူလိုင် ၂၆ ရက်​​နေ့​​တွင် စီရင်ချက် ချမှတ်မည် ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here