ငါး​တစ်​ကောင်၏ အံ့​ဩဖွယ်လှုပ်ရှား​မှုအား​ မှတ်တမ်း​တင်နိုင်ခဲ့​

alt

ပ​ရော်ဖက်ရှင်နယ် ​ရေငုပ်သမား​ တစ်ဦး​သည် ​ရေ​အောက်တွင် သဘာဝအတိုင်း​ ရှင်သန် ကျက်စား​နေသည့်​ ငါး​တစ်​ကောင်က ပစ္စည်း​ကိရိယာ တစ်ခုကို အသုံး​ချ​နေသည့်​ ဓာတ်ပုံအား​ ပထမဆုံး​အကြိမ် ရိုက်ယူနိုင်ခဲ့​ကြောင်း​ သိရသည်။

အစက်အ​ပြောက်များ​နှင့်​ ငါး​တစ်​ကောင်သည် ခုံး​ခွံတစ်ခုအား​ ​ကျောက်တုံး​နှင့်​ ရိုက်ခွဲ​နေသည်ကို အံ့​ဩဖွယ် ​တွေ့​မြင်ခဲ့​သည်။ ထိုငါး​သည် ခုံး​ကောင်အခွံမာအား​ ​ကျောက်တုံး​နှင့်​ ရိုက်ပြီး​နောက် ကွဲထွက်သွား​ချိန်တွင် အတွင်း​မှ အသား​ကို စား​သောက်​နေခဲ့​သည်။

ဩစ​တြေး​လျ၏ နာမည်​ကျော် သန္တာ​ကျောက်တန်း​ကြီး​အနီး​ ​ရေငုပ်​နေ​သော စ​ကော့​ ဂါဒန်း​သည် အဆိုပါ မြင်ကွင်း​အား​ ​တွေ့​ရှိပြီး​နောက် ဓာတ်ပုံရိုက် မှတ်တမ်း​တင်နိုင်ခဲ့​သည်။

ထိုဓာတ်ပုံများ​က ငါး​များ​သည်လည်း​ သဘာဝအ​လျောက် ကိရိယာ တန်ဆာပလာ ပစ္စည်း​များ​အား​ အသုံး​ချနိုင်သည်ကို ညွှန်ပြ​နေ​ကြောင်း​ ဆစ်ဒနီရှိ အဏ္ဏဝါသက်ရှိ ​လေ့​လာ​ရေး​ဌာနမှ သဘာဝ ပတ်ဝန်း​ကျင်ဆိုင်ရာ ပညာရှင် ကူလမ် ဘ​ရောင်း​က မှတ်ချက်ပြုခဲ့​သည်။ ယခင်က ကိရိယာ တန်ဆာပလာများ​ အသုံး​ချမှုသည် လူသား​ဉာဏ်ရည်ဖြင့်​သာ စွမ်း​ဆောင်နိုင်သည်ဟု ယူဆခဲ့​သော်လည်း​ ​နောက်ပိုင်း​တွင် ပရိုင်း​မိတ်များ​ အပါအဝင် နို့​တိုက်သတ္တဝါ အချို့​တို့​တွင်လည်း​ အဆိုပါ စွမ်း​ရည်မျိုး​ ရှိ​နေ​ကြောင်း​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

သို့​သော် ဉာဏ်ရည်ဖွံ့​ဖြိုး​မှု နည်း​ပါး​သော ငါး​သတ္တဝါများ​တွင် ကိရိယာ တန်ဆာပလာ အသုံး​ပြုနိုင်သည်ကို မှတ်တမ်း​ တင်နိုင်သည်မှာ ယခုတစ်ကြိမ် ပထမဆုံး​ဟု ဘ​ရောင်း​က ရှင်း​ပြသွား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here