Superman ကဲ့​​သို့​​ ပျံသန်း​​ရန် ကြိုး​​ပမ်း​​သည့်​​ တရုတ်က​​လေး​​ငယ် ​​သေဆုံး​​သွား​​

alt

Supermanကို အား​​ကျပြီး​​ Supermanအတိုင်း​​ လိုက်၍ပျံရန် ကြိုး​​စား​​သည့်​​ တရုတ်က​​လေး​​ငယ်တစ်ဦး​​ ​​သေဆုံး​​သွား​​​​ကြောင်း​​ သိရသည်။

Supermanကဲ့​​သို့​​ လက်များ​​ကို ဆန့်​​ တန်း​​ကာ ၄ ထပ်တိုက်မှ ခုန်ချ​​သော ၄ နှစ်သား​​​​လေး​​ ​​သေဆုံး​​သွား​​​​သော်လည်း​​ ၎င်း​​၏ ၆ နှစ်အရွယ် အစ်ကိုမှာမူ အသက်မ​​သေခဲ့​​​​ပေ။ ​​မြေညီထပ်မှ ဆိုင်ပိုင်ရှင် တစ်ဦး​​က ကျယ်​​လောင်​​သော ပြုတ်ကျသံ တစ်ခုကို ကြား​​လိုက်ပြီး​​​​နောက် ထွက်ကြည့်​​ရာ ​​ရေကန်တစ်ခုထဲတွင် ​​သွေး​​သံရဲရဲဖြင့်​​ ငြိမ်သက်​​နေ​​သော လူငယ်​​လေး​​အား​​ ​​တွေ့​​ရှိခဲ့​​​​ကြောင်း​​ ​​ ပြောကြား​​ခဲ့​​သည်။က​​လေး​​မှာ အသက်မ​​သေ​​သေး​​​​ချေ။

လူအများ​​က က​​လေး​​ကို စုရုံး​​ကြည့်​​ရှု​​နေစဥ် ၄ ထပ်တိုက်​​ပေါ်တွင် ​​နောက်ထပ် ခုန်ချရန် စီစဥ်​​နေသည့်​​ က​​လေး​​ ငယ်အား​​ ​​တွေ့​​ရှိခဲ့​​​​ကြောင်း​​ ထိုဆိုင်ပိုင်ရှင် အမျိုး​​သမီး​​က ​​ပြောကြား​​ခဲ့​​သည်။ ထိုအခါ ​​အောက်မှလူများ​​က က​​လေး​​အား​​ ထိုသို့​​မလုပ်ရန် ​​အော်ဟစ် တား​​ဆီး​​ကြ​​သော်လည်း​​ က​​လေး​​ငယ်က Superman ပုံစံအတိုင်း​​ လက်များ​​ကို ​​ရှေ့​​သို့​​ဆန့်​​ကာ ထပ်မံ ခုန်ချခဲ့​​သည်။

လူအများ​​က ဆီး​​ဖမ်း​​ရန် ကြိုး​​စား​​​​သော်လည်း​​ မ​​အောင်မြင်ခဲ့​​​​ချေ။ ထိုက​​လေး​​ မှာလည်း​​ ဒဏ်ရာများ​​ ရရှိသွား​​​​သော​​ကြောင့်​​ နန်ဖန်း​​ရှိ ​​ဒေသဆိုင်ရာ ​​ဆေး​​ရုံတစ်ခုသို့​​ က​​လေး​​နှစ်ဦး​​လုံး​​ကို အ​​ရေး​​​​ပေါ် တင်ပို့​​ ကုသခဲ့​​ရသည်။

သို့​​​​သော် ပထမ က​​လေး​​မှာမူ ​​ ဆေး​​ရုံ​​ရောက်ပြီး​​ ၂ နာရီ အကြာတွင် ​​သေဆုံး​​သွား​​သည်။ ရဲများ​​က ထိုက​​လေး​​များ​​သည် Comicဇာတ်လမ်း​​ထဲမှ သိပ္ပံလူစွမ်း​​​​ကောင်း​​ Supermanကို အလွန်အား​​ကျပြီး​​ ယခုလို အတုခိုး​​မှား​​ခဲ့​​ရာမှ ​​ကြေကွဲဖွယ် ကိစ္စများ​​ ​​ပေါ်​​ပေါက်ခဲ့​​ခြင်း​​ဟု သုံး​​သပ်ခဲ့​​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here