အရပ်ထဲက ဗြုတ်စဗြဲ​တောင်း​ (၃)

သရုပ်​ဖေါ်ပုံ © ​ဇောင်း​

ကဲ…ကိုရင်လွန်း​မောင်လည်း​ ဝမ်း​ရေး​လို့​ဖက်လို့​ အလုပ်ကများ​တုန်း​ ဝုန်း​ခနဲဆို ကိစ္စ​တွေ ​ပေါ်​ပေါ် လာပြန်သ​ပေါ့…။ စက္ခုရှင် ပရိသတ်​ရေ… ဒီတခါလည်း​ ​မောရပြန်ပ​ကောလို့​ ဆိုရမှာပဲ…။

တဒိန်း​ဒိန်း…တဒိုင်း​ဒိုင်း​နဲ့​ ​ဝေ​ဝေစီ​နေလိုက်တာများ​ ​ပေါက်​ဖော်ကြီး​တို့​ နှစ်ကူး​လေများ​ ​အောက်​မေ့​ ရတယ်။

​ဗျောက်​ဖောက်သံ​တော့​ မဟုတ်။ သန့်​ရှင်း​တဲ့​ အစိုး​ရသစ်လို့​တဖုံ…အရာရာ ​ပြောင်း​လဲ​နေပါပြီလို့​ တ​ကြော်​ကြော် ​အော်​နေရတဲ့​ သိန်း​စိန်လက်​အောက်ခံ​တွေက ကချင် မ​နောသား​တွေကို အမ်​ဘောင်း​ ​ပေး​ပုံများ​ သုံး​ရက်အတွင်း​ လက်နက်ကြီး​ အလုံး​ ၁၀၀၀ ​ကျော်တဲ့…။

​အောင်မ​ငေး​ရဲ့​လို့​တောင် ဟဟ မထွက်ရဲဘူး… ဘာလို့​ဆို​တော့​ ​ကျောင်း​သား​တပ်​တော်တုန်း​က အကိုတ​ယောက်​ပြောတာ​လေး​ ​ပြေး​သတိရလို့​လေ…။

“​ဟေ…ဘာ​တွေ ညာ​တွေ ​ပြောမ​နေနဲ့​။ နအဖကများ​ ၁၂၀ မမနဲ့​ ထုလိုက်ရင်ဖြင့်​ မရှိမဲ့​ ရှိမဲ့​ မျိုး​ချစ်စိတ်​လေး​ ​ပျောက်​ပျောက်သွား​လို့​ မနည်း​ခေါ်ယူရတယ်တဲ့…”။ ကဲ ပရိသတ်ကြီး​ရေ…အလုံး​ ၁၀၀၀ ဆိုမှ​တော့​ဖြင့်​ မျိုး​ချစ်စိတ်တင်မက မျိုး​မချစ်စိတ်​တွေပါ ​ပျောက်ကုန်​လောက်ရဲ့…။

အဲ…​စော​စောစီး​စီး​ စထွက်ထွက်ချင်း​ ​ဆောက်နဲ့​တော့​ ထွင်း​မိပြီ…။ ထား​ချေဦး​တော့​ တဖက်ကို လှည့်​ကြည့်​မငဲ့​လို့​ဆိုပြန်​တော့…

“​အောင်မ​ငေး​ဗျာ…”

“ကလူ ကလူ ကလူ…ပြန်လာစမ်း​ပါ လိပ်ပြာသခင်ရဲ့​”

အ​ပေါ်က ​ကြောက်လို့​ ​အောက်စုန်ဆင်း​ပြန်​တော့​ စိတ်ချမ်း​သာရမလား​ ​အောက်​မေ့​ပါတယ်။ ​အောက်မှာလည်း​ ​ဗျောက်သံ​တွေ ညံပြန်ပ​ကော…။

ဒုံယိမ်း​တို့​နယ် ကရင်နဲ့​ ဟင်္သာတို့​ပျော် မွန်တို့​ ပြည်မှာလည်း​ ထူး​မခြား​နား​ပါပဲလား….

တိုက်သံခိုက်သံ ညံ​နေလိုက်တာများ​ မြန်မာ​တွေက တိုက်လိုခိုက်လိုစိတ် ပြင်း​တယ်ဆိုတဲ့​ ​ရှေး​လူကြီး​တွေစကား​ တယ်…မှန်သကိုး…

စည်း​လုံး​ညီညွတ်​ရေး​ရှိပြီဆိုလို့​ တည်မြဲ​ရေး​ကိုသာ မူဝါဒအဖြစ် ​ပြောင်း​ပါတဲ့​ ကိုကိုစိန်​ရေ… ဘယ်နှဲ့​တုန်း​ဗျာလို့​ သွား​ခလုတ်တိုက်လိုက်ရင်ဖြင့်​ ဘယ်လိုများ​ ပြန်​ဖြေမယ် ထင်သတုန်း​ဗျ…

“ဟဲ့​အ​ကောင်…ငါလုပ်တာ မဟုတ်၊​ မင်း​အောင်လှိုင်ကို ​မေး​လို့​သာ… ငါ သိဘူး…။ ငါသိတာက ငါ့​အထက်မှာ ဟိုဝှာ ရှိတယ်…”

အမ်…အဲဒါက ဘယ်သူတုန်း​ဗျလို့​များ​ ဆက်​ဆော့​ကြည့်​တော့…“နင့်​အ​မေလင်​ဟေ့…နင့်​အ​မေလင်”

မူ​တွေ လူ​တွေ ​ပြောင်း​ပေမယ့်​လည်း​ နင့်​အ​မေလင်က​တော့​ဖြင့်​ မ​ပြောင်း​ပါလား​ကွယ်ရို့…

ကဲ…ပရိသတ်လည်း​ စိတ်ညစ်​ချေ​ရော့​မယ်…​ငွေအပြည့်​အလင်ထည့်​ပါပြီး​ ​ရှော့​ပင်း​လေး​ဘာ​လေး​ ထွက်ရ​အောင် ​ဈေး​ကွက်ကို စနည်း​နာ​ချေဦး​စို့…။

“​အောင်မ​လေး​ငဲ့…​တော်​သေး​ပြီ…အိမ်ထဲမှာပဲ ဦး​နှောက်မုန်တိုင်း​ဆင်​တော့​မယ်…အဲ​လေ… အိုင်တီ​ခေတ်ကို လွန်လို့​ အိုင်ဒီယာ​ခေတ်သွား​ရ​အောင် ကြို​လေ့​လာ​တော့​မယ်…”

ဗုံး​တွေများ​ ကွဲလိုက်တာ…သကြင်္န်တွင်း​ က​လေး​တွေ ​ရေလုကစား​လို့​ ​ရေဗုံး​တွေ ကွဲ​နေသလား​ ​အောက်​မေ့​ရတယ်…။ မန္တ​လေး​လား…​နေပြည်​တော်လား​…ပြင်ဦး​လွင်လား…​တောင်ငူလား… စုံလို့​ပါပဲဗျို့…။ ​ပေါက်လိုက်တဲ့​ဗုံး​ ​ဈေး​ချို​တော်တဲ့…​နေပြည်​တော်​ဈေး​တဲ့…။ ဖြစ်​ချေဦး​နော်။ အပျင်း​လေ ​ပြေ…အ​မောလည်း​ ​ဖြေဖို့​ ​ဈေး​သွား​ချင်တာများ​ ​ပေါက်လိုက်တဲ့​ဗုံး​ တရုတ်များ​ နှစ်သစ်ကူး​လား​ ​အောက်​မေ့​ရတယ်…။

အင်း…စိတ်​မောပါတယ်​နော်…။

“က​မ္ဘော မ​ကြေဘူး…ငါတို့​သွေး​နဲ့​ ​ရေး​ခဲ့​ကြတဲ့​ ​မော်ကွန်း​တွေ…”

အို…နား​ဝင်ပီတိ ဂွမ်း​ဆီထိပါလား​ကွယ်ရို့…။ ၈၈ က ကမ္ဘာမ​ကြေတာများ​ ခုထိ ကမ္ဘာ မ​ကြေဘူး​ ဆို​တော့​ ဘယ်​တွေ ဖြစ်ပြန်တာတုန်း​။ ​အောင်မယ်…ကို​ရွှေတရုတ် လူပါး​ဝလိုက်ပုံများ​ တို့​ဗမ​တွေကို ထိုး​သတဲ့​..။

ဟဲ့…ထိုး​လိုက်ပါလား…ကြိတ်လိုက်ပါလား…​ထောင်း​လိုက်ပါလား…ဖိလိုက်ပါလား…

ကိုယ်​တောင်​နောက်ကျလို့​ တို့​ဗမာ လက်စွမ်း​ပြပုံများ​ အ​မေ​ကျော် ​ဒွေး​တော်လွမ်း​ လူကို လူမထင် တရုတ်ကိုမှ ပ​ထွေး​တော်ချင်သူ​တွေက တရုတ်​လေး​ ၆ ​ယောက်အတွက် လူအင်အား​ ၁၀၀ ​လောက်နဲ့​ ကာကွယ်​နေပါလား…

ဟယ်…ဘယ်သူတုန်း​ စကြင်္န်​တော် ဖြန့်​ချေ​တော့…ဟင်း….လစိကို ညှစ် နှာ​ခေါင်း​ကို ဖျစ်ပြီး​ သတ်သင့်​တဲ့​ လုံခြံု​ကွေး​တွေပါလား​။ ဗမာကို စရိုက်ရင် ​ထောင်ဒဏ် ၆ လ​ပေး​ပြီး​ တရုတ်က စရိုက်ရင် ကာကွယ်​ပေး​နေပုံများ​ တရုတ်ကများ​ အငှား​ချထား​လေသလား​ ​အောက်​မေ့​ရတယ်…။

အာ…​တော်ပြီကွာ…။

ဘယ်​နေရာကြည့်​ကြည့်​ ဒီ တရုတ်၊​ တရုတ်နဲ့​ချည်း​ ပါလား​။ အင်း…စိတ်ကူး​ပေါက်တုန်း​ မ​ကျေလည်စရာ ​လေလည်ပြလိုက်ရင်ဖြင့်…။

“ထ​လော့​ မြန်မာ မြန်မာ ထ​လော့​
တို့​ပြည်မှာ ကြီး​ တို့​ သီး​စား​ပြီး​
အသား​ကို စား​ အ​သွေး​ကို မြို
​မြေ​အောက်လည်း​ ​မွှေ ​မြေ​ပေါ်လည်း​ ဝါး​
ရှိရှိသမျှ ဝါး​မြိုသွား​လည်း​
အ​ဖေလည်း​ခေါ် ပ​ထွေး​မျှော်မို့​
သိန်း​စိန် ငတုံး​ လူ့​ငပိန်း​ငဲ့​
အမျိုး​ပျောက်မှာ စိုး​ကြောက်မိတယ်
အမျိုး​ဘာသာ သာသနာနဲ့​
ကုန်း​ဘောင်မှသည် ​နေ့​ထိဒီ့​တိုင်
မြဲမြဲကိုင်စွာ ဗမာပဲမို့​
ရရာလက်နက် စွဲကိုင်ပါမှ
အမျိုး​ဂုဏ်တင့်​ မိုး​ထိမြင့်​မယ်…”

ကိုရင်လွန်း​မောင်

LEAVE A REPLY

Please enter your comment!
Please enter your name here