ထူး​ထူး​ခြား​ခြား​ သံလိုက်စွမ်း​ရည်များ​ ပိုင်ဆိုင်ထား​သည့်​ ဘရာဇီး​လ်လူငယ်

alt

ဘရာဇီး​လ် လူငယ်​လေး​ ​ပေါ်လို ​ဒေး​ဗစ် အမိုရင်သည် ထူး​ထူး​ခြား​ခြား​ သံလိုက် စွမ်း​ရည်များ​ ပိုင်ဆိုင်ထား​သူ​လေး​ ဖြစ်သည်။

အသက် ၁၁ နှစ်သာ ရှိ​သေး​​သော အမိုရင်တွင် သံလိုက်နှင့်​ အလား​တူ စွမ်း​ရည်မျိုး​ ထုတ်လွှတ်နိုင်ပြီး​ ပတ်ဝန်း​ကျင်မှ သတ္တုပစ္စည်း​များ​ကို ဆွဲယူနိုင်သည်။ ၎င်း​၏ ဖခင်က အမိုရင်သည် ခက်ရင်း​ခွများ​၊ ဓား​များ​၊ ကတ်​ကြေး​များ​၊ ကင်မရာများ​နှင့်​ အခြား​​သော သတ္တုပစ္စည်း​များ​ကို ခန္ဓာကိုယ်တွင် ကပ်ငြိ​နေ​အောင် ​စေစား​နိုင်​ကြောင်း​ လက်​တွေ့​ ပြသခဲ့​သည်။

အမိုရင်၏ ဖခင်ဖြစ်​သော ဂျူနီယာက ၎င်း​၏ သား​ကဲ့​သို့​ပင် ခရို​အေး​ရှား​မှ လူငယ်​လေး​တစ်ဦး​သည်လည်း​ ထူး​ခြား​​သော အဆိုပါ စွမ်း​ရည်မျိုး​ ရှိ​နေသည်ကို ကြား​သိဖူး​​ကြောင်း​ ​ပြောကြား​ခဲ့​သည်။ အသက် ၆ နှစ်အရွယ် ကိုပရီနီကာဖွား​ ခရိုအက် ချာတိတ်​လေး​ အိုင်ဗန် စတိုလီကိုဗစ်သည်လည်း​ ခန္ဓာကိုယ်​ပေါ်တွင် ၄ စတုံ အ​လေး​ချိန်ရှိသည့်​ သတ္တုပစ္စည်း​များ​ကို တွယ်ယှက်ထား​နိုင်သည်။

မိမိ၏ သား​ကလည်း​ ခက်ရင်း​များ​ကို ထိုကဲ့​သို့​ ကပ်ထား​​အောင် လုပ်ပြနိုင်သည်ကို ​တွေ့​ရှိလာပြီး​​နောက် အလွန် အံ့​ဩမိ​ကြောင်း​ ဂျူနီယာက ​ပြောကြား​ခဲ့​သည်။ ယခုအခါ ​မော့​ဆိုရိုတွင် ​နေထိုင်​သော ချာတိတ်​လေး​ ဂျူနီယာသည် သံလိုက်လူသား​​လေး​ဟုပင် နာမည် ​ကျော်ကြား​​နေပြီဖြစ်သည်။

၎င်း​၏ အ​ခြေအ​နေကို ​လေ့​လာ​နေသည့်​ ​ဒေါက်တာ ဒစ်ဆက် ရိုဆာဒို ဆိုဘရီနိုက မိမိ၏ ဆရာဝန်လုပ်သက် နှစ် ၃၀ ​ကျော်အတွင်း​ ထိုကဲ့​သို့​ စွမ်း​ရည်မျိုး​ ရှိ​နေသူကို တစ်ခါမှ မ​တွေ့​ဖူး​​ကြောင်း​ ဝန်ခံခဲ့​သည်။

အမိုရင်၏ ခန္ဓာကိုယ် တည်​ဆောက်ပုံသည် သာမန်လူသား​များ​ ကဲ့​သို့​ပင် ဖြစ်​သော်လည်း​ သံလိုက်စွမ်း​အင်များ​ ထူး​ထူး​ခြား​ခြား​ ထွက်​ပေါ်​နေခြင်း​အတွက် အ​ဖြေရှာမရ​ကြောင်း​ ​ဒေါက်တာ ဒစ်ဆက်က ​ပြောကြား​သွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here