ယူကရိန် သက်ကြီး​ရွယ်အို ​စောင့်​​ရှောက်​ရေး​​ဂေဟာ မီး​​လောင်မှုဖြစ်ပွား​

alt

ယူကရိန်း​တွင် အငြိမ်း​စား​ သက်ကြီး​ရွယ်အိုများ​ ​စောင့်​​ရှောက်သည့်​ ​ဂေဟာတစ်ခု မီး​​လောင်မှု ဖြစ်ပွား​ရာ ၁၆ ဦး​ ​သေဆုံး​ခဲ့​​ကြောင်း​ သိရသည်။

ဇူလိုင်လ ၁၀ ရက်​နေ့​က ဖြစ်ပွား​​သော မီး​​လောင်မှုအတွင်း​ ​နောက်ထပ် လူ ၁၁ ဦး​ ဒဏ်ရာများ​ ရရှိခဲ့​​ကြောင်း​ ကယ်ဆယ်​ရေး​ဌာန ဝန်ထမ်း​များ​က ​ပြောကြား​ခဲ့​သည်။ ​ရော့​ဗနို ​ဒေသရှိ ဘီး​လ် ​ကျေး​ရွာ​လေး​တွင် ဖြစ်ပွား​ခဲ့​​သော မီး​​လောင်မှုနှင့်​ ပတ်သက်ပြီး​ တိတိကျကျ မသိရ​သေး​​ချေ။

မီး​သတ် ဝန်ထမ်း​များ​သည် သစ်သား​နှင့်​ ကွန်ကရိတို့​ ​ရော​နှော ​ဆောက်လုပ်ထား​သည့်​ ​ဂေဟာ အ​ဆောက်အအုံကို ဝါး​မြို​နေသည့်​ မီး​အား​ ၅ နာရီကြာ ငြှိမ်း​သတ်ခဲ့​ရသည်။ ယခုမီး​​လောင်မှု​ကြောင့်​ ကာဘွန်မို​နော့​ဆိုက် ဓာတ်​ငွေ့​များ​ ရှူရှိုက်မိပြီး​ အဆိပ်သင့်​သူ အချို့​ကိုလည်း​ ​ဆေး​ရုံသို့​ တင်ပို့​ခဲ့​ရ​ကြောင်း​ သိရသည်။ မီး​​လောင်မှု ဖြစ်ပွား​စဥ်က ​ဂေဟာအတွင်း​ သက်ကြီး​ရွယ်အို ၂၅ ဦး​နှင့်​ ဝန်ထမ်း​ ၂ ဦး​သာ ရှိ​နေ​ကြောင်း​ သိရသည်။

ကယ်ဆယ်​ရေး​ ဝန်ကြီး​ဌာက မီး​​လောင်မှု ဖြစ်ပွား​​နေ​သော ပုံများ​နှင့်​ မီး​သတ်သမား​များ​၏ ကယ်ဆယ်​ရေး​လုပ်ငန်း​ ​ဆောင်ရွက်​နေ​သော ဓာတ်ပုံများ​ကို ဝန်ကြီး​ဌာန ဝက်ဆိုက်တွင် ​ဖော်ပြခဲ့​သည်။ ရဲတပ်ဖွဲ့​က မီး​​လောင်မှု စတင်ဖြစ်ပွား​သည့်​ အ​ကြောင်း​ရင်း​ကို စုံစမ်း​​နေဆဲဟု ​ကြေညာထား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here