စက်​လှေခါး​ ရုတ်တရက်​နောက်ပြန်လည်မှု​ကြောင့်​ ရ နှစ်က​လေး​ငယ်​သေဆုံး​

alt

တရုတ်နိုင်ငံတွင် စက်​လှေခါး​ ရုတ်တရက် ​နောက်ပြန်လည်ခြင်း​ကြောင့်​ ရ နှစ်အရွယ် က​လေး​ငယ်တစ်ဦး​ ​သေဆုံး​သွား​ကြောင်း​ သိရသည်။ ​

မြေ​အောက်ရထား​ ဘူတာတစ်ခုတွင် တပ်ဆင်ထား​သော စက်​လှေကား​မှာ ချွတ်ယွင်း​သွား​ပြီး​ ယခုလို ​နောက်ပြန် လည်သွား​ခြင်း​ ဖြစ်သည်။ ​ဘေဂျင်း​တွင် ဖြစ်ပွား​ခဲ့​သည့်​ ထိတ်လန့်​ဖွယ် ဖြစ်ရပ်အတွင်း​ လူအချို့​လည်း​ ဒဏ်ရာများ​ ရရှိခဲ့​သည်။ တိရစ္ဆာန်ရုံအနီး​ ​မြေ​အောက်ဘူတာရှိ ဓာတ်​လှေကား​တွင် ​အောက်ဖက်မှ အ​ပေါ်သို့​ တက်​နေစဉ် ​လှေကား​ ရုတ်တရက် ​ပြောင်း​ပြန် လည်သွား​ခြင်း​ဖြစ်သည်။ ​

သေဆုံး​သွား​သော ​ယောက်ျား​လေး​၏ ဖခင်က မိမိ၏ က​လေး​နှစ်ဦး​အား​ တိရစ္ဆာန်ရုံသို့​ အလည်အပတ် လိုက်ပို့​ခြင်း​ဖြစ်​ကြောင်း​ ​ကြေကွဲစွာ ​ပြောကြား​ခဲ့​သည်။ ယခုသီတင်း​ပတ် အ​စောပိုင်း​က ဖြစ်စဉ်ကို မျက်မြင်ကြံုခဲ့​ရသူများ​က ​လှေကား​ပြောင်း​ပြန် လဲခြင်း​ကြောင့်​ ​လှေကား​အောက်တွင် လူအများ​ စုပုံသွား​ကြောင်း​၊​ ​သေဆုံး​သည့်​ က​လေး​နှင့်​ ဖခင်တို့​မှာ လူအများ​အောက်တွင် ပိမိ​နေခဲ့​ကြောင်း​ ရဲတပ်ဖွဲ့​ထံ ထွက်ဆိုခဲ့​သည်။

အဆိုပါဖြစ်ရပ်​ကြောင့်​ ​မြေ​အောက်ဘူတာကို နာရီအတန်ကြာ ပိတ်ဆို့​ပြီး​ စစ်​ဆေး​မှုများ​ ပြုလုပ်ခဲ့​သည်။ ရဲများ​က ဒဏ်ရာရသူများ​ကို ​ဆေး​ရုံသို့​ ပို့​ပေး​ခဲ့​ရသလို ​လှေကား​အတွင်း​ အဝတ်များ​ ညပ်လျက် ရှိ​နေသူ နှစ်ဦး​ကိုလည်း​ ဆွဲထုတ်​ပေး​ခဲ့​ရ​ကြောင်း​ ​ပြောဆိုသွား​သည်။ ဓာတ်​လှေကား​ ​ပြောင်း​ပြန်လည်မှုအတွက် စစ်​ဆေး​နေဆဲဖြစ်ပြီး​ ယခင်က ယင်း​ကဲ့​သို့​ ချွတ်ယွင်း​မှုမျိုး​ မဖြစ်ဖူး​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here