ဇနီး​ဖြစ်သူအား​ လျှပ်စစ်ကုလား​ထိုင်ဖြင့်​ သတ်ဖြတ်ရန်ကြံစည်သည့်​ ဗြိတိန်သား​

alt

ဗြိတိန်နိုင်ငံမှ လူတစ်ဦး​သည် ဇနီး​ဖြစ်သူအား​ သတ်ဖြတ်ရန် ကိုယ်ပိုင် လျှပ်စစ် ကုလား​ထိုင် တစ်လုံး​ကို တည်​ဆောက်ခဲ့​​ကြောင်း​ သိရသည်။

Daily Mirror သတင်း​ဌာနက အန်ဒရူး​ ကာဆယ်သည် သတ္တု ကုလား​ထိုင် တစ်လုံး​ကို ဝါယာကြိုး​များ​ တပ်ဆင်ကာ လျှပ်စစ် ကုလား​ထိုင် တစ်လုံး​အဖြစ် ပုံသွင်း​တည်​ဆောက်မှုကို ကား​ဂို​ဒေါင်အတွင်း​ လျှို့​ဝှက် လုပ်​ဆောင်ခဲ့​သည်။

အသက် ၆၁ နှစ်ရှိ အန်ဒရူး​သည် ၎င်း​နှင့်​ သက်တူရွယ်တူ ဇနီး​ မာဂရက်အား​ လှည့်​ဖျား​​ပြောဆိုပြီး​ ထိုကုလား​ထိုင်​ပေါ်တွင် ထိုင်​စေခဲ့​သည်။ ထို့​​နောက် ၂၄၀ ဗို့​ လျှပ်စစ်ဓာတ်အား​ လွှတ်ရန် အသွား​တွင် မာဂရက်က ရိပ်မိပြီး​ ကုလား​ထိုင်​ပေါ်မှ ပြန်ထလာခဲ့​သည်။ ထိုအခါ အန်ဒရူး​သည် မာဂရက်အား​ ​ရော်ဘာတုတ် တစ်​ချောင်း​ဖြင့်​ ရိုက်သတ်ရန် ကြိုး​ပမ်း​ခဲ့​​သော်လည်း​ မာဂရက်မှာ လွတ်​မြောက်သွား​သည်။

လန်ကက်ရှိုင်း​ယား​တွင် ဖြစ်ပွား​ခဲ့​​သော လူသတ်ရန် ကြံစည်မှုအတွင်း​ အန်ဒရူး​က မာဂရက်အား​ လျှပ်စစ်ကုလား​ထိုင်ဖြင့်​ သတ်ဖြတ်ပြီး​ မိမိကိုယ်ကိုယ် သတ်​သေပုံမျိုး​ ပြုလုပ်ရန် ကြံစည်ထား​​ကြောင်း​ သိရသည်။ ​ရော်ဘာတုတ်ဖြင့်​ အရိုက်ခံရသည့်​ မာဂရက်သည် ​ခေါင်း​တွင် ဒဏ်ရာ အနည်း​ငယ် ရခဲ့​ပြီး​ ​ဆေး​ရုံတွင် သွား​​ရောက် ကုသမှု ခံခဲ့​ရသည်။

ထိုစုံတွဲ၏ ရန်ပွဲသည် လမ်း​ထဲသို့​ ရဲများ​ ​ရောက်လာချိန်တွင် အပြီး​သတ်ခဲ့​သည်။ အိမ်​ထောင်သက် ၁၈ နှစ် ရှိပြီဖြစ်​သော စုံတွဲသည် ဆက်ဆံ​ရေး​ ဆိုး​ရွား​လာပြီး​​နောက် အန်ဒရူး​က ယခုလို ဇနီး​အား​ သတ်ရန် ကြံစည်ခဲ့​ခြင်း​ဖြစ်သည်။ မာဂရက် ​ဆေး​ရုံသွား​​ရောက်ပြီး​ ပြန်အလာတွင် အန်ဒရူး​သည် မိမိကိုယ်ကိုယ် ​သေ​ကြောင်း​ကြံရန် ကြိုး​ပမ်း​ခဲ့​​သေး​​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here