၁၀ မိနစ်အတွင်း​ ​ဟော့​ဒေါ့​ ၆၂ ခုစား​ကာ ​ဟော့​ဒေါ့​စား​ပြိုင်ပွဲ ပထမဆုဆွတ်ခူး​

alt

ဇူလိုင်လ ၄ ရက်​နေ့​က ကိုနီကျွန်း​ ​ဟော့​ဒေါ့​စား​ ပြိုင်ပွဲတွင် ပထမဆုရပြီး​နောက် ဂျို​ယေး​ချန်စတန်တစ်​ယောက် ​ဒေါ်လာ တစ်​သောင်း​ ဆု​ကြေး​ကို ပိုင်ဆိုင်သွား​နိုင်ခဲ့​သည်။

၎င်းသည် ၁၀ မိနစ်အတွင်း​ ​ဟော့​ဒေါ့​ ၆၂ ခုကို စား​ပြခဲ့​သည်။ ယင်း​ပမာဏသည် ကယ်လိုရီ နှစ်​သောင်း​နှင့်​ ညီမျှမည်ဖြစ်သည်။ အသက် ၂၇ နှစ်ရှိ ဂျို​ယေး​သည် အ​မေရိကန်နိုင်ငံ၊​ ကယ်လီဖိုး​နီး​ယား​ရှိ ဆန်း​ဂျို့​စ်တွင် ပြုလုပ်​သော ပြိုင်ပွဲအတွင်း​ ဒုတိယ​နေရာမှ ပက်ထရစ် ဘာတိုလက်တီထက် ​ဟော့​ဒေါ့​ ၉ ခု ပိုစား​နိုင်ခဲ့​သည်။

ယခုပွဲတွင် အနိုင်ရခဲ့​သော်လည်း​ ဂျို​ယေး​သည် ကိုယ်တိုင်တင်ထား​သော စံချိန်​ဟောင်း​ဖြစ်သည့်​ ၁၀ မိနစ်အတွင်း​ ​ဟော့​ဒေါ့​ ၆၈ ခု ကုန်​အောင်စား​နိုင်မှုကို ​ကျော်ဖြတ်နိုင်ခြင်း​ မရှိခဲ့​ပေ။ ယခုပွဲတွင် ဘာတိုလက်တီက ​ဒေါ်လာ ငါး​ထောင်နှင့်​ တတိယ ​နေရာမှ နယူး​ယော့​ခ်သား​ တင်မ်ဂျဲနက်စ်က ​ဒေါ်လာ ၂၅၀၀ စီ အသီး​သီး​ ရရှိခဲ့​သည်။ ယခုပွဲတွင် အနိုင်ရသဖြင့်​ ​ပျော်ရွှင်​ကြောင်း​ ဂျို​ရေး​ကဆိုသည်။

အမျိုး​သမီး​ ပြိုင်ပွဲတွင်မူ ၁၀ မိနစ်အတွင်း​ ​ဟော့​ဒေါ့​ ၄၀ စား​ပြနိုင်သည့်​ ဆိုညာ​သောမတ်စ်က အနိုင်ရသွား​ခဲ့​သည်။ သူမသည် ဒုတိယ​နေရာမှ ဂျူလီယက်လီအား​ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့​ရပြီး​ ပွဲပြီး​ခါနီး​မှ လီတစ်​ယောက် လက်​နှေး​သွား​သဖြင့်​ အနိုင်ရခဲ့​ခြင်း​ဖြစ်သည်။ လီသည် ​ဟော့​ဒေါ့​ ၂၉ ခုခွဲ စား​၍ကုန်ခဲ့​သည်။ တတိယဆုရှင် လက်စ်ခရူဆက်က ၂၈ ခုခွဲ စား​ပြသွား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here