ပျက်ကျသွား​သည့်​ NATO ကုန်တင်​လေယာဉ်မှ အသက်ရှင်ကျန်ရစ်သူများ​ကို ရှာ​ဖွေ

alt

အာဖဂန် နစ္စတန် အစိုး​ရသည် ပျက်ကျသွား​​သော NATOတပ်ဖွဲ့​ ကုန်တင်​လေယာဥ်မှ အသက်ရှင် ကျန်ရစ်သူများ​ကို ရှာ​ဖွေရန် ကြီး​မား​​သော ကယ်ဆယ်​ရေး​ လုပ်ငန်း​တစ်ခု စတင်လုပ်​ဆောင်​နေပြီဟု ​ပြောကြား​လိုက်သည်။

ဇူလိုင်လ ၆ ရက်​နေ့​က IL-76 အမျိုး​အစား​ ​လေယာဥ်သည် အာဖဂန်မြို့​​တော် ကဘူး​လ်၏ ​မြောက်ဖက် ၅၅ ကီလိုမီတာ အကွာတွင် ပျက်ကျသွား​ခဲ့​သည်။ ပါဝမ်​ဒေသတွင် ပျက်ကျခဲ့​​သော ​လေယာဥ်ပျက်သို့​ သွား​​ရောက်ကာ ကယ်ဆယ်​ရေး​ လုပ်ငန်း​များ​ ​ဆောင်ရွက်ရန် အာဖဂန် ပို့​​ဆောင်​ရေး​ ဝန်ကြီး​ဌာနနှင့်​ ပြည်သူ့​​လေ​ကြောင်း​ ဌာနတို့​အပြင် ကာကွယ်​ရေး​ ဝန်ကြီး​ဌာနနှင့်​ ပြည်ထဲ​ရေး​ ဝန်ကြီး​ဌာနတို့​ကပါ ပူး​​ပေါင်း​ လုပ်​ဆောင်​နေ​ကြောင်း​ ပို့​​ဆောင်​ရေး​ ဝန်ကြီး​ဌာန ​ပြော​ရေး​ဆိုခွင့်​ရ အရာရှိ နန်ဂီ​လေ ကွာလာတာဝယ်က ​ပြောကြား​သွား​သည်။ ​

လေယာဥ်အတွင်း​ အမှုထမ်း​ ၉ ဦး​ လိုက်ပါသွား​ပြီး​ NATOတပ်ဖွဲ့​များ​အတွက် ​ထောက်ပံ့​​ရေး​ ပစ္စည်း​များ​ကို သယ်ယူသွား​​ကြောင်း​လည်း​ ၎င်း​ကဆိုသည်။ အဆိုပါ ​လေယာဥ်သည် ကဘူး​လ်ရှိ ယာကွတ် ရာဆူလီ နိုင်ငံတကာ ​လေဆိပ်မှ ပျံတက်သွား​ပြီး​​နောက် မကြာမီမှာပင် ​ရေဒါမြင်ကွင်း​မှ ​ပျောက်ကွယ်သွား​ခြင်း​ဟု သိရသည်။ ​

လေယာဥ်​ပေါ်တွင် လိုက်ပါလာသူ မည်မျှ အသက်ရှင်နိုင်မည် ဆိုသည်ကို မခန့်​မှန်း​နိုင်​သေး​သလို ​လေယာဥ် ပျက်ကျရသည့်​ အ​ကြောင်း​ရင်း​ကိုလည်း​ မသိရှိနိုင်​သေး​​ကြောင်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here