ဘင်လာဒင် လုပ်ကြံသတ်ဖြတ်​ရေး​ စစ်ဆင်​ရေး​တွင် ​ခေတ်မီညကြည့်​မှန်​ပြောင်း​များ​ အသုံး​ပြုခဲ့​ဟုဆို

alt

အိုစမာ ဘင်လာဒင်အား​ လုပ်ကြံသတ်ဖြတ်​သော စစ်ဆင်​ရေး​အတွင်း​ အ​မေရိကန် တပ်ဖွဲ့​များ​သည် ​ခေတ်မီ ညကြည့်​မှန်​ပြောင်း​များ​ အသုံး​ပြုခဲ့​ကြောင်း​ သတင်း​ တစ်ခုက ​ဖော်ပြခဲ့​သည်။

ဂျိမ်း​စ်ဘွန်း​ ဇာတ်ကား​များ​တွင် ပါဝင်သည့်​ ​ခေတ်မီ ကိရိယာမျိုး​ကို ​မေလ ၂ ရက်​နေ့​ စစ်ဆင်​ရေး​အတွင်း​ အမှန်တကယ် အသုံး​ပြုသွား​ သည်ဟု နည်း​ပညာ ဝက်ဆိုက်တစ်ခုက ဆိုသည်။ အ​မေရိကန် ​ရေတပ်အထူး​တပ်ဖွဲ့​ အမှတ် ၆ မှ စစ်သည်များ​သည် ပါကစ္စတန်နိုင်ငံ၊​ အက်​ဘော့​တာဘက်ရှိ ဘင်လာဒင် ပုန်း​ခိုရာ အ​ဆောက်အအုံကို စနစ်တကျ စီး​နင်း​ခဲ့​ကြသည်။

ထိုစစ်ဆင်​ရေး​တွင် အလင်း​ရောင် အလွန်အား​နည်း​သော အ​ခြေအ​နေအတွင်း​ ထင်ရှား​ ပြတ်သား​စွာ မြင်နိုင်စွမ်း​ရှိသည့်​ ညကြည့်​မှန်​ပြောင်း​များ​ကို စစ်သည်များ​က ဝတ်ဆင်ခဲ့​ကြသလို လက်နက်များ​ကိုလည်း​ အထူး​စီမံ ​ရွေး​ချယ်ခဲ့​ကြောင်း​ သိရသည်။ ယ​နေ့​ခေတ် စစ်ဆင်​ရေး​များ​တွင် အသုံး​ပြု​နေသည့်​ ညကြည့်​မှန်​ပြောင်း​များ​ကို ပထမ ကမ္ဘာစစ်ကတည်း​က စတင်စိတ်ကူး​ တီထွင်ခဲ့​ကြသည်။

သို့​သော် ဗီယက်နမ် စစ်​မြေပြင်တွင် ယင်း​တို့​ကို အင်နှင့်​အား​နှင့်​ သုံး​စွဲလာ​ကြောင်း​ သိရှိရသည်။ နိုင်ငံအသီး​သီး​မှ စစ်တပ်များ​သည် ညကြည့်​မှန်​ပြောင်း​များ​ကို နည်း​ပညာ အမျိုး​မျိုး​ဖြင့်​ တီထွင်​နေ​သော်လည်း​ အ​မေရိကန်စစ်တပ်က အ​ကောင်း​ဆုံး​ အရည်အ​သွေး​ မှန်​ပြောင်း​များ​ကို ပိုင်ဆိုင်​နေ​ကြောင်း​ သတင်း​များ​ကဆိုသည်။

အ​မေရိကန် စစ်တပ်၏ ညကြည့်​မှန်​ပြောင်း​များ​သည် သာမန်မြင်နိုင်စွမ်း​၏ နှစ်ဆမျှကို ချဲ့​၍ ရှင်း​လင်း​စွာ မြင်နိုင်​စေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here