ဂျာမနီနိုင်ငံမှ ​ခေါင်း​နှစ်လုံး​ပါ စပါကြီး​မြွေ

alt

ဂျာမနီနိုင်ငံတွင် ​ခေါင်း​နှစ်လုံး​ပါ စပါး​ကြီး​မြွေ တစ်​ကောင်ကို ​မွေး​မြူထား​ကြောင်း​ သိရသည်။

ABC သတင်း​ဌာနက ဂျာမန်​တောင်ပိုင်း​ ဗီလင်ဂန် ရှဝမ်နင်ဂမ်မြို့​တွင် ​မွေး​ဖွား​ခဲ့​သော ​မြွေ၏ ​ခေါင်း​နှစ်လုံး​စလုံး​ အသက်ရှိကာ လှုပ်ရှား​နေ​ကြောင်း​ ​ဖော်ပြခဲ့​သည်။ လက်ရှိတွင် အမည်မ​ပေး​ရ​သေး​သော ၃၀၀ ဂရမ် အ​လေး​ချိန်ရှိ ​ မြွေကြီး​ကို တွား​သွား​သတ္တဝါ ကျွမ်း​ကျင်ပညာရှင် စတီဖန် ဘ​ရော့​ဂမ်မာ၏ စနစ်တကျ အနီး​ကပ် ပြုစုမှုဖြင့်​ ​မွေး​ထုတ်​ပေး​နိုင်ခဲ့​သည်။

ထို​မြွေကြီး​၏ ဦး​ခေါင်း​နှစ်ခုလုံး​ အစာစား​နိုင်သလို ဦး​ခေါင်း​တစ်ခုချင်း​စီ​ကြောင့်​ ​မြွေတစ်​ကောင်လုံး​ ​သေဆုံး​သွား​နိုင်သည်ဟုလည်း​ သိရသည်။ ​မြွေ၏ ဦး​ခေါင်း​နှစ်ခုလုံး​ အစာကို ပြိုင်တူစား​နိုင်မည် မဟုတ်ဘဲ ထိုသို့​ ပြိုင်တူစား​ပါက အစာ​ရေမြိုတွင် ပိတ်ဆို့​မှုဖြစ်ကာ အသက်ရှူကြပ် ​သေဆုံး​သွား​နိုင်​ကြောင်း​ ပညာရှင်များ​က ရှင်း​ပြခဲ့​သည်။

ဘ​ရော့​ဂမ်မာက Twitter၊​ Facebookနှင့်​ Youtubeတို့​တွင် ​မြွေကြီး​၏ပုံကို လွှင့်​တင်ပြီး​ လူအများ​အ​နေနှင့်​ မည်သို့​ နာမည်မှည့်​သင့်​ကြောင်း​ အကြံပြုရန် အကူအညီ ​တောင်း​ခံထား​ သည်။ လက်ရှိတွင် Tom နှင့်​ Jerryဟု အမည်​ပေး​သင့်​ကြောင်း​ အများ​စုက ​ထောက်ခံလျက်ရှိသည်။ ​ခေါင်း​နှစ်လုံး​ ​မြွေများ​ ​မွေး​ဖွား​ခြင်း​သည် ယခုတစ်ကြိမ် ပထမဆုံး​ မဟုတ်​ပေ။

၁၉၉၈ ခုနှစ်ကလည်း​ ကယ်လီဖိုး​နီး​ယား​တွင် ငန်း​မြွေတစ်​ကောင် ​ခေါင်း​နှစ်လုံး​ဖြင့်​ ​ပေါက်ဖွား​လာခဲ့​ဖူး​သည်။ ယခုကဲ့​သို့​ ဖြစ်စဉ်သည် ​ မြွေဥတစ်ခုတွင် အမြွှာအဖြစ် ​ပေါက်ဖွား​လာပြီး​နောက် အပြီး​သတ် မကွဲကွာနိုင်သဖြင့်​ ကိုယ်တစ်ခုထဲတွင် ​ခေါင်း​နှစ်လုံး​ ဆက်စပ်သွား​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here