လက်​ချောင်း​များ​က အမျိုး​သား​တို့​၏ အခြား​ကဏ္ဍကို ညွှန်း​ဆိုပြ

alt

လက်​ချောင်း​များ​၏ အရှည်သည် လူတစ်ဦး​၏ အခြား​ကဏ္ဍအတွက် ညွှန်ကိန်း​တစ်ခု ဖြစ်​နေတတ်​ကြောင်း​ သိရသည်။

ယင်း​ကိစ္စသည် အမျိုး​သား​များ​တွင် ပိုမို သိသာ​လေ့​ရှိသည်။ ​တောင်ကိုရီး​ယား​ထုတ် Asian Andrology ဂျာနယ်က လက်ညှိုး​ထက် လက်သူကြွယ်က ပိုရှည်​နေသည့်​ အမျိုး​သား​များ​မှာ လိင်အင်္ဂါလည်း​ ပိုရှည်​လေ့​ရှိ​ကြောင်း​ ​ဖော်ပြလိုက်သည်။

အချက်အလက်များ​အရ လက်သူကြွယ်က လက်ညှိုး​ထက် ပိုရှည်​သော အမျိုး​သား​ အများ​စုသည် လိင်အင်္ဂါတွင်လည်း​ ပိုမိုရှည်လျား​နေသည်ကို ​တွေ့​ရှိခဲ့​ကြောင်း​ ဂါ​ချောင်တက္ကသိုလ်၊​ ဆီး​နှင့်​ကျောက်ကပ် ဌာနမှ ​ဒေါက်တာ ​တေဘမ်ကင်က ယင်း​ဂျာနယ်တွင် ​ဖော်ပြခဲ့​သည်။ ယခင်က သု​တေသန ရလဒ်အချို့​သည်လည်း​ အမျိုး​သား​များ​၏ အဖိုဟိုမုန်း​ Testosterone ပမာဏသည် လက်​ချောင်း​များ​၏ အရှည်နှင့်​ ဆက်စပ်တိုင်း​တာ၍ရ​ကြောင်း​ ​ ဖော်ထုတ်နိုင်ခဲ့​သည်။ ​

ဒေါက်တာ​တေ ဦး​ဆောင်သည့်​ ယခုသု​တေသန ရလဒ်အတွက် အမျိုး​သား​ ၁၄၄ ဦး​ကို ​လေ့​လာခဲ့​သည်။ ယခုစစ်တမ်း​ကို ပြုစုရန် ​ဒေါက်တာ​ တေနှင့်​ အဖွဲ့​သည် အမျိုး​သား​များ​၏ ညာလက်မှ လက်​ချောင်း​များ​ကို တိုင်း​တာခဲ့​ခြင်း​ဖြစ်သည်။ အဘယ်​ကြောင့်​ဆို​သော် ယခင်သု​တေသန ရလဒ်​ဟောင်း​များ​အရ Testosteroneကို ညွှန်ပြသည့်​အခါ ညာဖက်လက်က ပိုမိုသိသာ​သော​ကြောင့်​ဖြစ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here