ဂဒါဖီအား​ ဖမ်း​ဝရမ်း​ထုတ်ခြင်း​ကို အာဖရိကယူနီယံက ကန့်​ကွက်​ကြောင်း​ ​ကြေညာ

alt

အာဖရိက ယူနီယံက နိုင်ငံတကာ ရာဇဝတ် ခုံရုံး​၏ မူအမ်မာ ဂဒါဖီအ​ပေါ် ဖမ်း​ဝရမ်း​ ထုတ်ပြန်ခြင်း​အား​ ကန့်​ကွက်​ကြောင်း​ အတည်ပြု ​ကြေညာလိုက်သည်။

လစ်ဗျား​ခေါင်း​ဆောင် ဗိုလ်မှူး​ကြီး​အ​ပေါ် ဝရမ်း​ထုတ်သည့်​ ကိစ္စမှာ လက်ခံနိုင်စရာ မရှိ​ကြောင်း​ ယူနီယံ ဥက္ကဋ္ဌ ဂျင်း​ပင်း​က ​ပြောကြား​ခဲ့​သည်။ ယခုကိစ္စသည် အာဖဂန်နစ္စတန်၊​ အီရတ်နှင့်​ ပါကစ္စတန်တို့​တွင် အ​နောက်အုပ်စု နိုင်ငံများ​ ဝင်​ရောက်စွက်ဖက် ပါဝင်​နေမှုမျိုး​အဖြစ် ယူနီယံက သုံး​သပ်ခဲ့​သည်။

နိုင်ငံတကာ ရာဇဝတ် ခုံရုံး​သည် လစ်ဗျား​ပြည်သူများ​အ​ပေါ် လူ့​အခွင့်​အ​ရေး​ ​ဖောက်ဖျက်ကျူး​လွန်​နေမှုများ​အတွက် ဂဒါဖီအား​ ဖမ်း​ဝရမ်း​ ထုတ်ပြန်ခဲ့​ခြင်း​ဖြစ်သည်။ အာဖရိက ယူနီယံ၏ အစည်း​အ​ဝေး​ ဆုံး​ဖြတ်ချက်ကို တက်​ရောက်နား​ထောင်ခဲ့​သည့်​ ဂဒါဖီ၏ ရုံး​အဖွဲ့​မှူး​ချုပ် ဘာရှာဆာလား​က ယခုဆုံး​ဖြတ်ချက်ကို ကြိုဆို​ကြောင်း​ ​ ပြောကြား​သွား​သည်။

လစ်ဗျား​တွင် ဖြစ်​ပေါ်​နေ​သော ကိစ္စများ​သည် လစ်ဗျား​၏ အ​ရေး​အခင်း​သာဖြစ်​ကြောင်း​၊​ မိမိ၏ အိမ်တွင်း​ရေး​ကို အခြား​သူများ​က ဝင်​ ရောက်စီမံ ခန့်​ခွဲမှုကို လစ်ဗျား​က လက်မခံ​ကြောင်း​ ဆာလား​ကဆိုသည်။ လစ်ဗျား​တွင် အစိုး​ရ ဆန့်​ကျင်​ရေး​ တပ်ဖွဲ့​များ​နှင့်​ ဂဒါဖီကို သစ္စာခံ​သော တပ်ဖွဲ့​များ​ အာဏာလွန်ဆွဲသည့်​ စစ်ပွဲများ​ ဖြစ်​ပေါ်​နေရာ အ​မေရိကန်နှင့်​ မဟာမိတ် နိုင်ငံများ​က လစ်ဗျား​စစ်တပ်ကို ​လေ​ကြောင်း​မှ ဗုံး​ကြဲတိုက်ခိုက်မှုများ​ ပြုလုပ်ခဲ့​ကြသည်။

ထို့​အပြင် ဂဒါဖီသည် ဆန္ဒပြ ပြည်သူများ​အ​ပေါ် မညှာမတာ လူ့​အခွင့်​အ​ရေး​ ကျူး​လွန်မှုများ​ ပြုလုပ်​ကြောင်း​ အ​နောက်အုပ်စု နိုင်ငံများ​က စွပ်စွဲခဲ့​ပြီး​နောက် ယခုဝရမ်း​ ထုတ်ပြန်ခံရ​စေရန် ဖိအား​ပေး​ ​တောင်း​ဆိုမှုများ​ ပြုလုပ်ခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here