ထိုင်း​နိုင်ငံ​ရွေး​​ကောက်ပွဲတွင် ဝန်ကြီး​ချုပ်​ဟောင်း​သက်ဆင်၏ညီမ အနိုင်ရ

alt

ထိုင်း​​ရွေး​​ကောက်ပွဲတွင် အနိုင်ရပြီး​​နောက် ယင်လက် ရှင်နာဝက်ထရာသည် ထိုင်း​နိုင်ငံ၏ ပထမဆုံး​​သော အမျိုး​သမီး​ ဝန်ကြီး​ချုပ် ဖြစ်လာခဲ့​​ကြောင်း​ သိရသည်။

သူမသည် လက်ရှိအာဏာရ ဒီမိုကရက်ပါတီမှတဆင့်​ ​ရွေး​​ကောက်ခံသည့်​ ဝန်ကြီး​ချုပ် အဘီဆစ် ဗီဂျာဂျီဗာကို ဖြတ်​ကျော် အနိုင်ရခဲ့​သည်။ လွှတ်​တော်အတွင်း​ ယင်လက်၏ ပူအာထိုင်း​ ပါတီက အမတ်​နေရာ ၂၆၄ ခု ရခဲ့​ပြီး​ ဒီမိုကရက် ပါတီကမူ အမတ်​နေရာ ၁၆၀ သာ ရခဲ့​သည်။ ထို​ရွေး​​ကောက်ပွဲ ရလဒ် အပြီး​သတ် ထွက်​ ပေါ်လာချိန်တွင် အဘီဆစ်သည် အရှုံး​အတွက် မိမိတွင် တာဝန်ရှိ​ကြောင်း​ ​ကြေညာကာ ဒီမိုကရက် ပါတီ​ခေါင်း​​ဆောင် အဖြစ်မှ နှုတ်ထွက်သွား​သည်။

ယင်လက်သည် ထိုင်း​နိုင်ငံမှ ထွက်​ပြေး​တိမ်း​​ရှောင်​နေသည့်​ ဝန်ကြီး​ချုပ်​ဟောင်း​ သက်ဆင် ရှီနာဝပ်၏ ညီမလည်း​ဖြစ်သည်။ အဘီဆစ်က ယင်လက်အား​ သက်ဆင်ကြိုး​ဆွဲရာ ကရသည့်​ ရုပ်​သေး​အဖြစ် ​ဝေဖန်ခဲ့​​သေး​သည်။ ယင်လက်၏ အောင်မြင်မှု သတင်း​ကို အစ်ကိုဖြစ်သူ ဘီလျံနာ သူ​ဌေး​ကြီး​ သက်ဆင်က ဝမ်း​​ မြောက်​ကြောင်း​ ဂုဏ်ပြု ​ပြောကြား​ခဲ့​သည်။

ပျူအာထိုင်း​ပါတီ ​အောင်ပွဲခံပြီး​​နောက် ယခု​အောင်ပွဲသည် ပါတီ၏ ​အောင်ပွဲ မဟုတ်ဘဲပြည်သူတစ်ရပ်လုံး​၏ ​ အောင်ပွဲဖြစ်​ကြောင်း​ ယင်လက်က သူမအား​ ​ထောက်ခံအား​​ပေး​သူများ​ကို မိန့်​ခွန်း​ ​ပြောကြား​ခဲ့​သည်။

သူမက ဝန်ကြီး​ချုပ် ရာထူး​ကို လက်ခံပြီး​​နောက် အစိုး​ ရသစ်ကို ဦး​​ဆောင်ကာတိုင်း​ပြည်အကျိုး​စီး​ပွား​အတွက် အစွမ်း​ကုန် ကြိုး​စား​သွား​မည်ဟု ကတိပြုခဲ့​သည်။ ယင်လက်သည် ၂၀၀၆ ခုနှစ်က သက်ဆင်ကို စစ်တပ်က အာဏာသိမ်း​ကာ ဖြုတ်ချခဲ့​ပြီး​​နောက်ပိုင်း​ ၅ ဦး​​မြောက် ဝန်ကြီး​ချုပ် ဖြစ်လာ​ကြောင်း​လည်း​သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here